Takemichi Hanagakiဟာ ရှုံးနိမ့်မှုတွေများစွာနဲ့ ဘဝကိုရင်ဆိုင်ဖြတ်သန်းနေရသလိုဘဝရဲ့လက်စွဲဆောင်ပုဒ်ဟာလည်း “တောင်းပန်ပါတယ်” လို့ဆိုရတဲ့အထိ လူတကာကို အောက်ကျို့၊ ပြဿနာပေါင်းစုံကို ဖြတ်သန်းနေရသူပါ၊ ဘာဆိုဘာမှ အဆင်မပြေခဲ့တဲ့သူ့ဘဝမှာ ရှားရှားပါးပါး ချစ်သူလေးတစ်ယောက်တော့ ရှိခဲ့ဖူးပါတယ်၊ သူမက Hinata Tachibanaပါ၊ ချစ်ခဲ့ဖူးသူ Hinataတစ်ယောက်ဟာလည်း မောင်ဖြစ်သူ Naota Tachibanaနဲ့အတူ Tokyo Manjiဂိုဏ်းနဲ့ တခြား Yazukaဂိုဏ်း တစ်ခုရဲ့ပဋိပက္ခကြား ပဲလှော်ကြားဆားညပ်ရင်း သေဆုံးသွားပါတယ် ဘဝကလည်း အဆင်မပြေ၊ ချစ်ဖူးသူကပါ လောကမှာမရှိတော့တဲ့ Takemichiအနေနဲ့ စိတ်ဓါတ်ကျစွာ မြေအောက်ရထားဘူတာမှာ သွားခိုနေရင်း ရုတ်တရက် ရထားဆိုက်ခါနီးကမှ ရထားပြေးလမ်းပေါ် တွန်းချခံလိုက်ရပါတယ်၊ ရထားတိုက်လုဆဲဖြစ်တဲ့အချိန်မှာပဲ ပဟေဠိဆန်စွာ လွန်ခဲ့သော၁၀နှစ် အထက်တန်းကျောင်းသား ဆိုးပေလူမိုက်လုပ်ခဲ့ဖူးတဲ့ အချိန်ကာလကို ပြန်ရောက်သွားခဲ့ပါတယ်