The Days Ahead FHD

The Days Ahead

Drama FHD 2025-08-10 5.071 75 Min

ဒီတစ်ခါမှာတော့ ပရိသတ်တွေကို စိတ်ဝင်စားစရာ Sci-fi Apocalypse ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။၂၀၂၅ ခုနှစ်တုန်းက ထွက်ရှိထားတာဖြစ်ပြီးတော့ ဒါရိုက်တာ Terry Winnan က ရိုက်ကူးထားပါတယ်။ နျူကလီးယားဗုံးတွေဟာ ပြင်းထန်တဲ့ပေါက်ကွဲမှုတင်မကပဲ နောက်ဆက်တွဲ ရေဒီယိုသတ္တိကြွမှုတွေ၊ဓာတ်ရောင်ခြည်သင့်မှုကိုပါ ဖြစ်ပေါ်စေတာကြောင့် ကမ္ဘာပေါ်မှာ ဖျက်အားအပြင်းဆုံးဗုံးတွေဖြစ်ပါတယ်။ စစ်ပွဲကာလအတွင်း ယူကေဟာ နျူကလီးယားဗုံးအကြဲခံလိုက်ရပါတယ်။ ဗုံးရဲ့နောက်ဆက်တွဲရလဒ်တွေဖြစ်တဲ့ ရေဒီယိုသတ္တိကြွမှုတွေ၊ ဓာတ်ရောင်ခြည်သင့်မှုတွေကြားထဲကနေ မိသားစုသုံးစုရဲ့ မတူညီတဲ့ဇာတ်လမ်းတွေ၊ ရုန်းကန်မှုတွေ၊ အခက်အခဲတွေကို ဒီဇာတ်ကားထဲမှာ ကြည့်ရှုကြရမှာပါ။ ဇာတ်လမ်းတစ်ခုချင်းဆီက စိတ်ဝင်စားဖို့ကောင်းတဲ့အပြင် တကယ့်အဖြစ်အပျက်လိုမျိုး ခံစားရစေပြီးတော့ လက်တွေ့မှာ ဒီလိုဖြစ်လာခဲ့ရင် ဘယ်လိုလုပ်ကြမလဲဆိုတဲ့အတွေးမျိုး ပေါ်လာအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။