လက်စီဆိုတဲ့ ကောင်မလေးဟာ မိုတီဗေးရှင်းဗီဒီယိုတွေနဲ့ အောင်မြင်နေတဲ့ social influencer တစ်ယောက် ဖြစ်ပါတယ်။ ဟုန်းဟုန်းတောက် အောင်မြင်နေတဲ့အချိန်မှာ တစ်စုံတစ်ခုက သူ့ကိုနှောင့်ယှက်ခဲ့ပါတယ်။သူအိပ်နေတဲ့ ဗီဒီယိုတွေ၊ CCTV မှတ်တမ်းတွေကို ဟက်ခ်ပြီး အွန်လိုင်းပေါ်မှာ ဖြန့်ကာ အပုတ်ချခဲ့ပါတယ်။ နောက်ပိုင်း privacy တိုင်းကို ထိပါးလာခဲ့ပြီး သူမအောင်စဉ်ကမကောင်းတဲ့ဗီဒီယိုတွေပါ လိုင်းပေါ်တင်ခဲ့ပါတယ်။ဒီကိစ္စတွေ အားလုံးကို လက်စီကပဲ နာမည်ကြီးချင်တာကြောင့် လုပ်ကြံနေတယ်လို ထင်တဲ့သူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ လက်စီဟာ တစ်နေ့တခြား ပိုပိုဆိုးလာခဲ့ပြီး ရူးကြောင်ကြောင်ပါဖြစ်သွားခဲ့ပါတယ်ဆိုတာကို နောက်ပိုင်း ဗီဒီယိုသက်သေတွေအရ သိနိုင်ပါတယ်။အဲဒီလိုနဲ့ ရုတ်တရက် ပျောက်ဆုံးသွားခဲ့ပြီး ဘယ်ရောက်လို ဘယ်ပေါက်သွားမှန်း ဘယ်သူမှ မသိကြပါဘူး။ အိမ်ထဲကို အတင်းဖျက်ဝင်ထားတာမျိုးလည်း မရှိသလိုရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တာလည်း မရှိပါဘူး။ထင်မြင်ယူဆချက် အမျိုးမျိုးရှိပြီး တချိုကလည်း သူ့ကိုယ်ပိုင်အချိန်ကို ဖြတ်သန်းနေတယ်လို ဆိုကြပါတယ်။ တချိုကလည်း အမှောင်စွမ်းအင်တွေကြောင့် စိတ်ဖောက်သွားတာလည်းပြောကြပါတယ်။ တချိုကလည်း လုပ်ကြံခံရတယ်လို ကောက်ချက်ချကြပါတယ်။ အမျိုးမျိုးပါပဲ။ အတွေးနယ်ချဲ့လိုကောင်းမယ့် သတင်းဇာတ်လမ်းတစ်ပုဒ်ကို အတူတူ ခံစားလိုက်ရအောင်ဗျာ။