Matria HD

Matria

Drama HD 2023-03-24 6.1 100 Min

(ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။)ရာမိုနာဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ ခင်ပွန်းဖြစ်သူဆုံးပါးသွားပြီးနောက်ပိုင်း စက်ရုံမှာပဲအချိန်ပြည့်အလုပ်လုပ်ရင်း သမီးလေးကိုရုန်းကန်ကျွေးမွေးခဲ့ရသူပါ။ နောက်ပိုင်းမှာတော့သမီးလေးအရွယ်ရောက်တဲ့အချိန်မှာ နောက်အိမ်ထောင်ထပ်ပြုလိုက်ပြီး စက်ရုံကစက်ပစ္စည်းသန့်ရှင်းရေးသမားတစ်ယောက်အနေနဲ့ပဲအလုပ်ဆက်လုပ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း သူ့သမီးလေးဟာ မိခင်ရဲ့အသက်အရွယ်အရလိုအပ်ချက်တွေကို နားမလည်ပေးနိုင်ဘဲ လူငယ်ပီပီစိတ်ဆက်ပြီး သူ့အမေနဲ့မပြေလည်တဲ့အပြင် ငွေကြေးအရပါဖူလုံမှုမရှိတာကြောင့်အဆင့်မြင့်ပညာဆက်သင်ကြားဖို့မကြိုးစားတော့ဘဲ ဘဝတက်လမ်းမရှိတဲ့အချိန်ပိုင်းအလုပ်ကိုပဲလုပ်ဖို့ အကြောင်းရှာလာပါတော့တယ်။ ဒါကို သူ့အမေကမခံမရပ်ဖြစ်ကာ အသားကုန်အလုပ်ကြိုးစားပေးမယ့်လည်း ရာမိုနာရဲ့ဘဝကြီးဟာ ဘဝကံမျက်နှာပေးခြင်းမခံရတဲ့အတွက်ဆိုးရွားတဲ့ကိစ္စတွေတစ်ခုပြီးတစ်ခုကြုံလာရပါတော့တယ်။