Dendam Malam Kelam HD

Dendam Malam Kelam

Crime Drama Thriller Mystery HD 2025-05-28 8 103 Min

ရေခဲတိုက်ကို နှလုံးရပ်သေဆုံးမှုနဲ့ရောက်ရှိလာတဲ့ အမျိုးသမီးအလောင်းတစ်လောင်း၊ သေဆုံးရတဲ့အကြောင်းရင်းကိုစစ်ဆေးမှုမလုပ်ရသေးခင်မိုးသည်းညတစ်ညမှာထူးဆန်းစွာပျောက်ဆုံးသွားခဲ့ပါတယ်။ အခင်းဖြစ်ပွားရာညတုန်းက မှုခင်းဆေးပညာဓာတ်ခွဲခန်းမှာ အစောင့်တစ်ယောက်သာရှိပြီး အဲ့ဒီအစောင့်ကလည်းဆေးရုံမှာအကြောက်လွန်ပြီး သတိလစ်မေ့မျောနေတဲ့အတွက်အခုမှနိုင်ငံခြားခရီးစဉ်ကပြန်လာကာစ စုံထောက် အာယာ နဲ့သူ့လက်ထောက်နှစ်ယောက်ဟာ ဒီအမှုကိုညတွင်းချင်းကိုင်တွယ်စစ်ဆေးဖို့ဖြစ်လာခဲ့ပါတယ်။ ဒီဇာတ်လမ်းအကျဉ်းကိုသိကြမယ်ဆိုရင် တစ်ချိန်က နာမည်ကျော်ခဲ့တဲ့ စပိန်လျှို့ဝှက်သည်းဖိုဇာတ်ကား The Body 2012 ကိုမှတ်မိတဲ့သူတွေမှတ်မိကြဦးမှာပါ။ မှန်ပါတယ် အဲ့ဒီဇာတ်ကားရဲ့တရားဝင် အင်ဒိုနီးရှား remake ဖြစ်ပါတယ်။ အရှေ့တိုင်းနောက်ခံနဲ့ကိုက်ညီအောင်တစ်ချို့နေရာလေးတွေအပြောင်းအလဲလုပ်ထားသလို၊ တင်ဆက်ပုံ၊ ဇာတ်ကြောင်းပြောပုံတွေ ပါဆန်းသစ်ထားတဲ့အတွက် မူရင်းဇာတ်ကားကြည့်ဖူးသူတွေပါလိုက်ပါစီးမျောနိုင်မယ့် Thriller ကားကောင်းတစ်ကားဖြစ်ပါတယ်။