လူစီ၊ ကစ်နဲ့ မီမီတို့ဟာ ငယ်သူငယ်ချင်းသုံးယောက်ဖြစ်ပြီး သူတို့ငယ်စဉ်ညတစ်ညတုန်းက သစ်ပင်ကြီးတစ်ပင်ရဲ့အောက်မှာအမှတ်တရပစ္စည်းလေးတွေနဲ့အတူအနာဂတ်မှာဖြစ်ချင်တဲ့ဆန္ဒတွေကိုဆုတောင်းပြီး စက္ကူပုံးလေးထဲထည့်မြေမြုပ်ပစ်ခဲ့ပါတယ်။သူတို့ရဲ့ရည်ရွယ်ချက်ကတော့ အထက်တန်းကျောင်းနောက်ဆုံးနေ့မှာ ဒီပုံးလေးကိုအမှတ်တရပြန်လည်ဖော်ယူဖို့အတွက်ပါပဲ။ ဒါပေမယ့် အချိန်တွေကြာပြီး ဆယ်ကျော်သက်အရွယ်ရောက်တော့ သူတို့သုံးယောက်ဟာ အကြောင်းပြချက်လည်းမရှိတစ်ဖြည်းဖြည်းစိမ်းသွားကြပြီး ခပ်တန်းတန်းဖြစ်နေကြပါပြီအဲ့ဒီလိုအခြေအနေကနေ တကယ်တမ်း ကျောင်းဆင်းပွဲညမှာ ဆန္ဒပြုပုံးလေးကိုပြန်ဖော်ဖြစ်ခဲ့ပြီး သုံးယောက်လုံးအကြောင်းကိုယ်စီနဲ့ ခရီးရှည်ကြီးတစ်ခုထွက်ဖို့ဖြစ်လာခဲ့ပါတယ်။ သူတို့အတွက်ဒီခရီးစဉ်ဟာ ဆန်းသစ်တဲ့အတွေ့အကြုံတွေ၊ မိမိကိုယ်မိမိပြန်လည်ရှာဖွေခြင်းတွေနဲ့ရင့်ကျက်မှုဆီ ခြေလှမ်းတစ်လှမ်းစတင်ခြင်းပါပဲ။လူစီအဖြစ် တစ်ခေတ်မှာတစ်ယောက် တောက်ထွန်းခဲ့တဲ့ပေါ့ပ်ဘုရင်မ Britney spears ပါဝင်ထားပြီး၊ Zoe Saldaña နဲ့ Taryn Manning တို့ကကစ်နဲ့မီမီအဖြစ်အားဖြည့်ထားပါတယ်။အဲ့ဒီခေတ်အခါကဆယ်ကျော်သက်ကားတွေရဲ့ဖော်မျူလာအတိုင်းပေါ့ပေါ့ပါးပါးသွားထားတဲ့အတွက် ဝေဖန်ရေးဆရာတွေကမနှစ်သက်ခဲ့ကြပေမယ့် ဘရစ်တနီရဲ့ပရိသတ်တွေကြောင့်ငွေကြေးအရအောင်မြင်ခဲ့သလို အချိန်ကာလရွေ့လျားလာတာနဲ့အမျှ Coming of age ဇာတ်ကားကောင်းတစ်ကားအဖြစ် လက်ခံလာကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Britney spears Fansတွေအတွက်တင်မက 90s kids တွေအတွက်ပါ ငယ်နုစဉ်ဘ၀ အမှတ်တရလေးတွေကိုပြန်အမှတ်ရမိစေမယ့် နွေးထွေးလှပတဲ့ဇာတ်ကားလေးတစ်ကားပါပဲ။