ရိုဆာ ဇိုအာဆိုတဲ့ အမျိုးသမီးဟာ ခင်ပွန်းရှိရာ ကျေးလက်ရွာလေးကို လိုက်လာရင်း ရုရှားကိုစစ်ထွက်သွားတဲ့ အမျိုးသား ပြန်အလာကို ယောက္ခမမိသားစုနဲ့အတူ စောင့်စားနေပါတယ်။ တစ်နေ့မှာ ရိုဆာ့ကို ဂျာမနီစစ်သားတွေကခေါ်ဆောင်သွားခဲ့ပြီး သူမနဲ့အတူ အခြားအမျိုးတွေကိုပါ နေ့လယ်စာကျွေးခဲ့ပါတယ်။ ရိုဆာရောက်နေတဲ့ နယ်လေးရဲ့တောထဲမှာတော့ ဟစ်တလာတို့ရဲ့ အဓိကဌာနချုပ်ကို လျှို့ဝှက်အခြေစိုက်ထားတာဖြစ်ပြီး ရိုဆာတို့ကိုလည်း သဘောကောင်းလွန်းလို့ နေ့လယ်စာကျွေးတာမဟုတ်ဘဲ ဟစ်တလာ မစားခင်မှာ အစားအစာထဲ အဆိပ်ပါမပါမြည်းစမ်းစေဖို့ ဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ ရိုဆာမျှော်လင့်ထားသလိုဖြစ်မလာဘဲ ခင်ပွန်းဖြစ်သူဟာ ရုရှားမှာစစ်ဆင်ရေးလုပ်ရင်း ပျောက်ဆုံးနေတာကို ကြေးနန်းရခဲ့ပြီး ရိုဆာ အကြီးအကျယ်ပြောင်းလဲသွားခဲ့ပြီး ထိုငရဲခန်းကနေ ထွက်ပြေးဖို့ တခြားအမျိုးသမီးတွေနဲ့အတူ ကြိုးပမ်းပါတော့တယ်။ အမျိုးသမီးတွေရဲ့ အရေးပါမှုအခန်းကဏ္ဍကိုတွေ့မြင် ရှုစားနိုင်မှာဖြစ်ပြီး စစ်ကြီးကြောင့် ထိခိုက်နစ်နာမှုတွေကိုလည်း အမျိုးသမီးတွေဘက်က အမြင်ကိုပါ ခံစားကြည့်ရှုနိုင်မယ့် ကားလေးပဲဖြစ်ပါတယ်ခင်ဗျာ။