ဖရီးဒါ မက်စ်ဝဲလ်ဟာ ဖခင်ကို သတ်ဖြတ်မှုနဲ့ ထောင်ကျနေရာက ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ ကားကြုံလိုက်ရင်းလည်း လမ်းကြုံလို့ လူတစ်ယောက် ထပ်ရှော့ပေးခဲ့ပါသေးတယ်။ နောက်တော့ ဒရူးကော်ဒါဆိုတဲ့ ဆေးကျောင်းသားလေးကို ခြိမ်းခြောက်ပြီး သူ့ရဲ့အိမ်မှာ လိုက်ရှောင်ဖို့လုပ်ခဲ့ပါတယ်။ ဒရူးဟာ နာတာရှည် နှလုံးရောဂါနဲ့ အမေဖြစ်သူကို စောင့်ရှောက်နေတဲ့ သားလိမ္မာလေးဖြစ်ပါတယ်။ ကံကြမ္မာအလှည့်အပြောင်းအဖြစ် နာမည်ကြီး ရာဇဝတ်သားတစ်ယောက် အိမ်ထဲရောက်လာချိန် ဒရူးတစ်ယောက် ဘယ်လိုဖြေရှင်းကိုင်တွယ်မလဲ ရဲတွေ စုံထောက်တွေကရော ဘယ်လိုဆက်လုပ်ကြမလဲဆိုတာ အပျင်းပြေ စိတ်ဝင်စားဖွယ် တစ်ထိုင်တည်း ကြည့်ရှုရမယ့်ကားလေးဖြစ်ပါတယ်။