Fränk HD

Fränk

Drama HD 2025-03-21 9 109 Min

မိဘများ၏ အိမ်တွင်းအကြမ်းဖက်မှုတစ်ခုဖြစ်ပွားပြီးနောက်မှာ ပေါလ်တစ်ယောက် သူတစ်ခါမှမရောက်ဖူးတဲ့ ဦးလေးရှိရာ မြို့ငယ်လေးတစ်ခုကို ရောက်လာပါတယ်။ ထိုမြို့ငယ်လေးကလေကချေ ကလေးအုပ်စုတစ်ခုနဲ့တွေ့ပြီး အပေါင်းအသင်းဖြစ်ပြီးနောက် စိတ်ပျော်မယ်ထင်တဲ့အရာများကို ဆက်တိုက်လုပ်ပါတော့တယ်။ ဗရုတ်ကျတဲ့ဒီကလေးအုပ်စုက ဆယ်ကျော်သက်အရွယ်လေးတွေဖြစ်ပေမယ့် ဆဲဆိုခြင်း၊ ရန်ဖြစ်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ ကော်ရှူခြင်းနှင့်အများပြည်သူနှင့်ဆိုင်သောနေရာများကို ဖျက်ဆီးခြင်းတို့ လုပ်လေ့ရှိပါတယ်။ အဓိကကတော့ ပြိုကွဲနေတဲ့ မိသားစုများ၊ အိမ်တွင်းအကြမ်းဖက်မှုများ၊ အုပ်ထိန်းသူမရှိခြင်းများ၊ မိဘ၏အုပ်ထိန်းမှုမစနစ်မှားယွင်းနေခြင်းများ၊ ဒါတွေကနေ ကလေးများအပေါ်စိတ်ဒါဏ်ရာများဖြစ်ပေါ်စေပြီး ကိုယ်နှုတ်စိတ်အမူအရာများကို ပြောင်းလဲစေခဲ့တာဖြစ်ပါတယ်။ ပေါလ်တစ်ယောက် မကောင်းမှုနွံထဲ ဘယ်လောက်ထိနစ်မလဲ? ရုန်းထွက်နိုင်ပါ့မလား? ဆိုတာတွေကို သိရဖို့ ဆက်လက်ကြည့်ရှုလိုက်ပါခင်ဗျာ။ဒီဇာတ်ကားလေးကိုကြည့်ပြီး ကလေးငယ်များရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေကို ဝင်ရောက်ခံစားပြီး နားလည်သိမြင်ပေးနိုင်မှာဖြစ်ပါတယ်။ ကလေးသရုပ်ဆောင်တွေရော လူကြီးတွေပါသရုပ်ဆောင်ကောင်းမှုကြောင့် documentary လို့ထင