Enemigos FHD

Enemigos

Drama FHD 2025-05-09 7.549 103 Min

ချီမိုဆိုတဲ့ကောင်လေးမှာငယ်ငယ်လေးကနေ သူ့ကိုအနိုင်ကျင့်တဲ့သူ အယ်လ်ရူဘီယိုဆိုတဲ့သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူငယ်ချင်းဆိုပေမယ့် ချီမိုကိုထိုးတယ် ရိုက်တယ် ပိုက်ဆံတွေယူတယ်။ အထက်တန်းကျောင်းပြီးတဲ့အထိချီမိုကသူ့လက်ကနေပတ်ပြေးနေရတယ်။ ချီမိုတို့မိသားစုကဆင်းရဲတဲ့အတွက် ချီမိုက delivery အလုပ်ကိုလုပ်ပြီးသူ့အမေအတွက်ပိုက်ဆံရှာပေးတယ်။ အစ်မဖြစ်သူကဆံပင်ညှပ်ဆိုင်မှာအလုပ်လုပ်တယ်။ချီမိုရဲ့မွေးနေ့ရောက်တော့ သူ့မိသားစုက ရှိစုမဲ့စုနဲ့ဆိုင်ကယ်လေးတစ်စီးဝယ်ပေးခဲ့တယ်။ အစ်မဖြစ်သူကလည်းသူ့သူငယ်ချင်းနဲ့ မိတ်ဆက်ပေးတယ်။ ဆိုင်ကယ်လည်းရ ရည်းစားလည်းရတော့သူလည်းအပျော်ကြီးပျော်တာပေါ့။ တစ်ညမှာ သူတို့နှစ်ယောက်လျှောက်လည်တုန်း ရူဘီယိုရောက်လာပြီး ချီမိုကိုအနိုင်ကျင့်တယ်။ ဆိုင်ကယ်ကိုလည်းတောင်းတယ်။အဆိုးဆုံးကတော့ ချီမို့ရည်စားကိုပါအနိုင်ကျင့်ခဲ့တယ်။ကြောက်ကြောက်နဲ့ ဘာမှမလုပ်ဘဲငြိမ်ခံနေတဲ့သူ့ကိုကြည့်ပြီးစိတ်ကုန်သွားတယ်။ နောက်နေ့မှာချီမိုနဲ့လမ်းခွဲလိုက်တယ်။ချီမိုလည်းမခံနိုင်တဲ့အဆုံးလက်ဝှေ့ထိုးသင်ခဲ့တယ်။ တစ်နေ့မှာ ချီမို့အဖိုးကိုဆေးရုံလိုက်ပို့တုန်း ဆေးရုံမှာ အောက်ပိုင်းသေနေတဲ့ရူဘီယိုကိုတွေ့ခဲ့တယ်။ တစ်သက်လုံးအနိုင်ကျင့်ခဲ့တဲ့သူတွေ့ပြီး အနှစ်နှစ်အလလစုဆောင်းထားတဲ့လက်