Blood Dried Hands ရုပ်ရှင်ဟာ ရက်စက်တဲ့ serial killer တစ်ယောက်ဖြစ်တဲ့ Hayden Carey ရဲ့အကျင့်အကြောင်း ရိုက်ကူးဖော်ပြထားပါတယ်။Hayden Carey က သူ့သားကောင်တွေကို ပုံပျက်ပန်းပျက်ဖြစ်တဲ့အထိ လူမဆန်တဲ့နည်းတွေနဲ့သတ်ဖြတ်လေ့ရှိပေမယ့် တစ်ဖက်မှာလည်း သူကိုယ်တိုင်က သေချင်စိတ်ရှိနေခဲ့ပါတယ်။ စုံထောက် Edi Sharp ကတော့ ထူးခြားတဲ့စွမ်းရည်တွေနဲ့ အမှုအေးတွေကို ကိုင်တွယ်နေတဲ့ရဲတစ်ဦးပါ။Edi ဟာ ကိုယ်ပိုင်စိတ်ဒဏ်ရာတွေ၊ မိသားစုသံယောဇဉ်တွေ၊ မဖြစ်နိုင်တဲ့အိပ်မက်တွေ၊စိတ်ပိုင်းဆိုင်ရာဒဏ်ရာတွေကြားကပဲ မိန်းကလေးငယ်လေးတွေကိုရက်ရက်စက်စက်သတ်ဖြတ်နေတဲ့ကွင်းဆက်လူသတ်သမားကို ရှာဖွေဖော်ထုတ်ဖမ်းဆီးဖို့ ကြိုးစားရပါတော့တယ်။Edi တစ်ယောက် Hayden ကိုထိန်းချုပ်ဖို့၊ လူသတ်မှုတွေကိုရပ်တန့်ဖို့ကြိုးပမ်းရင်း စိတ်လှုပ်ရှားစရာခြေရာခံမှုတွေ၊ ထိုးထွင်းစိတ်ကူးဉာဏ်တွေအပြင် စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းအလှည့်အပြောင်းတွေလည်းပါဝင်တာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ “Blood Dried Hands” ဟာ serial killer thriller နဲ့စိတ်ပိုင်းဆိုင်ရာဒရာမာ အမျိုးအစားကောင်းတစ်ခုဖြစ်ပြီးလူ့စိတ်ထဲက မတည်ငြိမ်မှု၊ တရားမဲ့တဲ့စိတ်၊ လူသားအကျင့်အကြံတွေကို ရိုးရှင်းပေမယ့် ထူးခြားတဲ့နည်းလမ်းနဲ့ ဖော်ပြသွားတဲ့စိတ်လှုပ်ရှားစရာဇာတ်လမ