Americana HD

Americana

Action Crime Thriller Western HD 2025-08-15 6.5 107 Min

အင်ဒီးယန်း ဌာနေတိုင်းရင်းသားတွေ၊ သေနတ်တွေ၊ ကောင်းဘွိုင်ယဥ်ကျေးမှု၊ အမေရိကန်စတိုင်အသားညှပ်ပေါင်မုန့်နဲ့ ဘလက်ကော်ဖီအလိုက်ရတဲ့ ဒိုင်နာစားသောက်ဆိုင်တွေ၊အစွန်းရောင်မျိုးချစ် စစ်ပြန်တွေ၊ ဒါဏ်ရာတွေနဲ့ စစ်ပြန်တွေစတဲ့ အမေရိကားနဲ့သက်ဆိုင်သမျှတွေ ရောပြွမ်းနေတဲ့ Americanaဟာ ခေတ်သစ်ကောင်းဘွိုင် ဇာတ်ကားတစ်မျိုးပေါ့။တောင်ပိုင်းဒါကိုတာ မြို့ငယ်လေးရဲ့ စားသောက်ဆိုင်က စားပွဲထိုးမလေး ပန်နီဂျိုး (Sydney Sweeney)က စကားထစ်သလို အလွန်အရှက်အကြောက်ကြီးသူပါ ။သူ့မှာ နက်ရှ်ဗီးကိုသွားပြီး အဆိုတော်လုပ်ဖို့ ဆိုတဲ့အိမ်မက်ကြီးလည်းရှိနေပြန်ပါတယ် တစ်နေ့တော့ ဆိုင်ကိုလာတဲ့ ဧည်သည်ဆီကတဆင့် စျေးကောင်းရနိုင်တဲ့ရှေးဟောင်းပစ္စည်းတစ်ခုအကြောင်းသိသွားရာမှ သူ့ဘဝအတွက် အပြောင်းအလဲတစ်ခု စပြီးဖြစ်လာပါတော့တယ်။IMDb 5.9/10နဲ့ Rotten Tomatoes 65% ရှိတဲ့ဇာတ်လမ်းမလို့ ရင်ထဲမစွဲသည့်တိုင် ပေါ့ပေါ့ပါးပါး ကြည့်ရမဲ့ဇာတ်ကားတစ်ကားပါ။