Mickey Mouse လိုလူတိုင်းသိတဲ့ ချစ်စရာကောင်းတဲ့ Disney ရဲ့ Character လေးကိုမှ လူသတ်ကောင်Psychopath ကြီးသဖွယ် ကြောက်စရာကောင်းအောင်ပုံဖော်ရိုက်ကူးထားတဲ့ရုပ်ရှင်ဇာတ်လမ်းတွေကိုမကြည့်ဖူးရင်တောင်မှ မြင်ဖူးသလိုလိုတော့ရှိနေကြမှာပါ။အခုတင်ဆက်ပေးမဲ့ဇာတ်ကားလေးကလည်း အဲ့လိုမျိုးပုံစံဖန်တီးထားတဲ့ I Heart Willie ဆိုတဲ့ဇာတ်ကားလေးဖြစ်ပြီး သွေးထွက်သံယိုတွေကြောက်စရာမြင်ကွင်းတွေအများကြီးပါဝင်မှာဖြစ်တဲ့အတွက် နှလုံးရောဂါရှိတဲ့လူတွေ ကြောက်တတ်တဲ့လူတွေဆိုရင်တော့မကြည့်ဖို့သတိပေးလိုက်ချင်ပါတယ်။ဇာတ်အိမ်တည်ထားတဲ့ပုံစံကတော့ သရဲခြောက်တဲ့နေရာတွေအကြောင်းဗီဒီယိုလိုက်ရိုက်ပြတဲ့ အလုပ်လုပ်နေတဲ့ သူငယ်ချင်း ၄ ယောက်က ရောက်ဖူးတဲ့လူတော်တော်များများပျောက်ဆုံးသွားတယ်လို့နာမည်ကြီးနေတဲ့စွန့်ပစ်အိမ်ကြီးတစ်လုံးကို သွားလေ့လာစူးစမ်းပုံကိုဇာတ်အိမ်တည်ထားတာတွေ့ရမှာဖြစ်ပါတယ်။ဇာတ်လမ်းသဘောတရား ဇာတ်လမ်းအကြောင်းအရာကိုသိပြီးနေတဲ့အတွက် ဘာတွေဆက်ဖြစ်မယ်ဆိုတာကိုသိနေတာတောင် ဘယ်လိုဘယ်ပုံမျိုးတွေနဲ့ ကြောက်စရာကောင်းအောင် လှည့်ကွက်တွေနဲ့တင်ဆက်သွားဦးမယ်ဆိုတာကိုရှုစားရမဲ့ ကြိုက်မဲ့လူတွေအတွက်ကတော့ ကြည့်ကောင်းမဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။