The Benetón Family HD

The Benetón Family

Comedy Family HD 2024-03-22 5.4 93 Min

၂၀၂၄ခုနှစ်ကထွက်ရှိထားတဲ့ စပိန်-မက္ကဆီကန် မိသားစုဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒဏ်ကြေးဆောင်စရာတွေနဲ့ ပတ်လည်ဝိုင်းနေတဲ့ အသက်ငါးဆယ်ကျော်လူ့ဂွစာကြီး တိုနီ။ကလေးတွေဆို အလိုလိုမျက်မုန်းကျိုးနေသူမို့ အနားမှာကလေးရှိတာကို တစက်ကလေးမှမကြိုက်တဲ့တိုနီ။တိုက်တိုက်ဆိုင်ဆိုင်ပဲ တစ်နေ့မှာတော့ နှစ်ဆယ်ချီဝေးကွာနေတဲ့ ညီမဖြစ်သူဆီကနေသူ့ကလေးတွေကို စောင့်ရှောက်ပေးဖို့ ရှေ့နေကနေတဆင့် ဆက်သွယ်လာပါတယ်။လက်မခံချင်ပေမဲ့ တစ်လပဲစောင့်ရှောက်ရမှာဖြစ်ပြီး ယူရိုငွေတစ်သောင်းပေးမယ် ကမ်းလှမ်းလာတော့တိုနီတစ်ယောက် ကလေးငါးယောက်ကို စောင့်ရှောက်ဖို့ဖြစ်လာခဲ့ပါတော့တယ်။ညီမဖြစ်သူရဲ့ မတူတဲ့နိုင်ငံငါးနိုင်ငံဆီက မွေးစားလာခဲ့တဲ့ ကလေးငါးယောက်နဲ့ကလေးတွေနဲ့အစေးမကပ်လှတဲ့တိုနီတစ်ယောက် ဘယ်လိုနှစ်ပါးသွားမလဲ ခံစားကြည့်ရှုကြပါဦး။