Atonement HD

Atonement

Action Drama HD 2025-08-30 4 96 Min

A Long ဟာ ၈နှစ်အရွယ်သမီးလေးနဲ့အတူ အဖေတစ်ခုသားတစ်ခုဘဝလေးနဲ့ ပျော်ပျော်ရွှင်ရွှင်နေထိုင်နေခဲ့ပါတယ်။ ဇနီးဟောင်းရဲ့အကြွေးတွေကြောင့် သူတို့သားအဖလေးရဲ့ဘဝက ဆင်းရဲခက်ခဲပေမယ့် အရမ်းချစ်စရာကောင်းတဲ့သမီးလေးကြောင့် သူ့ဘဝဟာ စိုပြေနေခဲ့ပါတယ်။ A Long က နောက်ဆုံးမှာအကြွေးတွေကြေသွားပြီး သမီးလေးနဲ့အတူ ထိုင်းနိုင်ငံကိုခရီးထွက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမယ့် ကံမကောင်းချင်တော့ သမီးလေးဟာ အဲဒီခရီးမှာ ကလေးသူခိုးအဖွဲ့ဖမ်းသွားတာကိုခံလိုက်ရပါတယ်။အချစ်ရဆုံးသမီးလေးကို ဆုံးရှုံးလိုက်ရတော့ အရင်ရည်မှန်းချက်တွေကို လွှတ်ချပြီး ထိုင်းမှာပဲဆက်နေရင် သမီးလေးကိုရှာဖွေဖို့ဆုံးဖြတ်လိုက်ပါတယ်။ နေထိုင်ခွင့်ရဖို့ ထိုင်းနိုင်ငံဖွား တရုတ်လူမျိုးမိန်းကလေးအားလန်နဲ့တောင် လက်ထပ်ဖို့ကြိုးစားခဲ့တယ်။ (၂)နှစ်တာပတ်လုံး ကလေးသူခိုးအဖွဲ့အကြောင်းစုံစမ်းနေခဲ့တဲ့ A Long ဟာ အရာအားလုံးကိုစွန့်လွှတ်လိုတဲ့စိတ်ကြောင့် လက်မှာသွေးစွန်းနေတဲ့ လက်စားချေသူတစ်ယောက်ဖြစ်လာပါတော့တယ်။ နောက်ဆုံးမှာ သူဟာအသိစိတ်ပြန်ဝင်လာပြီး အရင်လိုအကောင်းမြင်စိတ်ရှိတဲ့ ပျော်ရွှင်တတ်တဲ့သူတစ်ယောက်ပြန်ဖြစ်သွားမလား......လက်စားချေခြင်းဆိုတဲ့ အသူရာချောက်နက်ထဲကိုပဲကျသွားမလား......