အကြမ်းဖက်အဖွဲ့တစ်ဖွဲ့က အမေရိကန်သမ္မတရဲ့ နှလုံးခုန်စက်ကို Hack ပြီး ထိန်းချုပ်လိုက်တဲ့အချိန်မှာ စတင်ပါတယ်။ အဲ့ဒီနောက်မှာတော့ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ အကြမ်းဖက်သမားတွေကြားမှာ ဘယ်သူက လက်ဦးမှုယူသွားနိုင်မလဲဆိုတဲ့ ပြိုင်ဆိုင်မှုတွေနဲ့ ပြည့်နေတဲ့ စွန့်စားခန်းတွေကို ရှုစားရမှာဖြစ်ပါတယ်။ဒီဇာတ်ကားကို သမ္မတအဖွဲ့ကို အကာအကွယ်ပေးတဲ့ လုံခြုံရေးအရာရှိတွေရဲ့ ရှုထောင့်ကနေ ရိုက်ကူးထားတာဖြစ်ပြီး အချိန်နဲ့အမျှ ရင်ဆိုင်ရတဲ့ ဖိအားတွေ၊ စိန်ခေါ်မှုတွေကို စိတ်လှုပ်ရှားဖွယ် တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ဒါ့အပြင်President Down ဟာ နှလုံးခုန်နှုန်းထိန်းကိရိယာကို Hack ပြီး သမ္မတကို ခြိမ်းခြောက်တယ်ဆိုတဲ့ဇာတ်လမ်းကျောရိုးနဲ့ ရိုက်ကူးထားတာကြောင့် ရိုးရိုးအက်ရှင်ကားတွေနဲ့မတူဘဲ ပိုပြီး စိတ်ဝင်စားစရာကောင်းပါတယ်။ ပြီးတော့ ဒီဇာတ်ကားမှာ ခေတ်မီနည်းပညာတွေရဲ့ အန္တရာယ်တွေကိုလည်း တွေ့မြင်ရမှာပါ။စိတ်လှုပ်ရှားစရာကောင်းတဲ့ အက်ရှင်ကားတွေကို ကြိုက်နှစ်သက်သူတွေဆိုရင်တော့ ဒီဇာတ်ကားကိုမဖြစ်မနေကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်.......