Horror Genre ရဲ့နာမည်ကြီး The Conjuring ရုပ်ရှင်တွေရဲ့နောက်ဆုံးလိုပြောလိုရမယ့် The Conjuring: Last Rites ထွက်လာပါပြီအက်ဒ်နဲ့ လောရိန်းတိုရဲ့ ဖြစ်ရပ်မှန် သရဲဇာတ်လမ်းတွေထဲက နာမည်ကြီးတစ်ပုဒ်ဖြစ်ခဲ့တဲ့ ဝက်စ်ပစ္စတန်ဆိုတဲ့ မြိုလေးမှာဖြစ်ခဲ့တဲ့ အပနှင်တဲ့ဇာတ်လမ်းကိုအခြေခံထားပြီး Patrick Wilsonနဲ့ Vera Farmiga တိုကပဲ အတွဲညီညီ ပြန်လည်ပါဝင်ထားပါတယ်ပစ္စတန်မြိုလေးဆိုတာက ပန်ဆယ်ဗေးနီးယားပြည်နယ်ထဲက မြိုငယ်လေးတစ်ခုပါပဲ..ဒါပေမဲ့ ဒီမြိုလေးရဲ့ စမောလ်မိသားစုတိုနေတဲ့အိမ်မှာ ပရလောကဖြစ်ရပ်ဆန်းတွေဖြစ်နေပါတယ်..ဒါကို မြိုခံဘုရားကျောင်းကလည်း သာမန်မေ့မေ့ပျောက်ပျောက်ပဲ ထားလိုက်တယ်...ဇာတ်လိုက် ဝါရန်စုံတွဲရဲ့ မိတ်ဆွေဖြစ်တဲ့ ဖာသာဂေါ်ဒန်က ဒီကိစ္စကိုကြားပြီးသွားစုံစမ်းရင်းနဲ့..သာမန်မကျွတ်သေးတဲ့ဝိဉာာဉ်တစ်ကောင်တင်မကဘဲငရဲက နတ်ဆိုးတစ်ကောင်ပါ ဒီအိမ်မှာကိန်းအောင်းနေတာကို သိလိုက်ပြီး..သူပါနတ်ဆိုးရဲ့ သားကောင်ဖြစ်သွားရပါတယ်...ဖာသာဂေါ်ဒန်သေဆုံးမှုကိုကြားရတဲ့ အက်ဒ်နဲ့လောရိန်းတို ၂ ယောက်ဟာ သူတိုသမီးလေးဂျူဒီပါ ပါဝင်ပတ်သက်နေတဲ့ စမောလ်မိသားစုတိုရှိရာ အိမ်လေးကိုရောက်သွားတဲ့အချိန်မှာတော့...အရင်ကဖုန်းဆိုးမြေဖြစ်ခဲ့တဲ့ မြေနေရာမှာ အိမ်ဆောက်ထားတဲ့ စမောလ်မိသားစုနဲ့ ၃ လောင်းပြို