ဒီဇာတ်ကားလေးကတော့ ပြင်သစ်ဇာတ်ကားလေးဖြစ်ပြီးတော့ နေရာမတူ ဒေသမတူ အကျင့်မတူတဲ့ကောင်မလေးနှစ်ယောက် ကံကြမ္မာရဲ့လှည့်ကွက်နဲ့တွေ့ဆုံကြရင်းသူငယ်ချင်းတွေဖြစ်သွားကြပြီး လာမဲ့အနာဂတ်ကိုလျှောက်လှမ်းတဲ့အခါမှာတော့ သူ့ရွေးချယ်မှု ကိုယ့်ရွေးချယ်မှုနဲ့ပဲ ကွဲကွာသွားရတဲ့သူငယ်ချင်း ၂ ယောက်ရဲ့အကြောင်းလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းလေးရဲ့အကြောင်းအရာကတော့ အစ်ဆာလိုခေါ်တဲ့ကောင်မလေးဟာ လီလဲရ်လိုခေါ်တဲ့ ပြင်သစ်ကမြို့ငယ်လေးတစ်မြို့ကို အလုပ်လက်မဲ့နဲ့ရောက်လာပါတော့တယ်။အစ်ဆာဟာလမ်းဘေးမှာတင် သူကိုယ်တိုင်ရေးဆွဲတဲ့ပန်းချီကဒ်လေးတွေကိုပဲရောင်းရင်း ငွေရှာခဲ့ရပါတယ်။တနေ့မှာ ဆိုင်တစ်ဆိုင်ကဦးလေးကြီးကိုကဒ်ရောင်းနေရင်း အဲ့ဒီဦးလေးကြီးကအလုပ်မရှိရင် သူသိတဲ့အဝတ်ချုပ်စက်ရုံမှာ အလုပ်ဝင်လုပ်ဖို့ ကမ်းလှမ်းလာပါတော့တယ်။အစ်ဆာဟာဝင်လုပ်ရင်းသန့်စင်ခန်းဟောင်းမှာဆေးလိပ်သောက်နေတဲ့ မာရီဆိုတဲ့ကောင်မလေးနဲ့စကားပြောဖြစ်ရင်း ခင်မင်သွားခဲ့ကြတယ်။ဒါပေမဲ့ကံမကောင်းစွာဘဲ အစ်ဆာဟာစက်ချုပ်ရာမှာ မကျွမ်းကျင်ဘဲနဲ့မှားချုပ်မိရာကနေ စက်ရုံဦးစီးမှုးနဲ့ပြဿနာဖြစ်ပြီးအလုပ်ထွက်လိုက်ရပါတော့တယ်။ဒီလိုနဲ့ပဲ နေစရာအိမ်မရှိတော့ ဝေလည်လည်ဖြစ်နေချိန်မှာ မာရီရဲ့အကူအညီတောင်းပြီး သူနဲ့လိုက်နေလိုက်ပါတယ်။အစ်ဆာနဲ့မာရီဟာ