The Cursed of Satan Temptation HD

The Cursed of Satan Temptation

Horror HD 2025-05-15 5.5 88 Min

ဘာသာရေးတရားဟောဆရာ အာမက်ဟာ ဇနီးသည်၊ သမီးချောလေးနှစ်ယောက်နဲ့သာယာတဲ့ဘ၀ကိုပိုင်ဆိုင်ထားသလို တစ်မိသားစုလုံးက ဘာသာရေးအဆုံးအမနဲ့အညီနေထိုင်ပြီရောင့်ရဲတတ်သူဖြစ်ကြတဲ့အတွက်အေးချမ်းကြပါတယ်။အာမက်က မကောင်းဆိုးဝါးဝိဉာဉ်ပူးကပ်သူတွေကို အပနှင်ပြီး ကူညီလေ့ရှိပေမယ့် လူနာရှင်တွေက ငွေကြေးကျေးဇူးတုန့်ပြန်လာတဲ့အခါအမြဲငြင်းဆိုတတ်ပါတယ်။ အဲ့ဒီလိုသူကူညီပေးလို့ပြန်ကောင်းသွားခဲ့တဲ့ လူချမ်းသာ မိသားစုတစ်စုဟာ သူကူညီပြီး ဘယ်လောက်မှမကြာသေးခင်မှာ တစ်မိသားစုလုံး ကိုယ့်ကိုယ်ကိုသတ်သေသွားတဲ့အခါမှာတော့ သူ့ဘ၀မှာမကြုံစဖူး ထူးကဲပြီး အစွမ်းထက်လွန်းတဲ့ဆရာမနိုင် နှစ်ဆောင်ပြိုင် မိစ္ဆာနဲ့ထိပ်တိုက်တွေ့ဖို့ဖြစ်လာပါတော့တယ်။ ဘာသာရေး အပနှင်ကားနှစ်သက်သူတွေ အကြိုက်တွေ့မယ့်နက်ဖလစ်ထုတ် အင်ဒိုဟော်ရာအသစ်ပါ။