ကလေးဘဝကတည်းက မိဘနှစ်ပါးလုံးကို ဆုံးရှုံးလိုက်ရတဲ့ မောင်နှမ နှစ်ယောက်...ဘဝကိုရုန်းကန်ရင်း လောကဓံကို ကြံ့ကြံ့ခံနေရပေမယ့် ကံကြမ္မာက ဘယ်တော့မှ မျက်နှာသာ မပေးတဲ့အခါ...အစ်မဖြစ်သူ ဆမ်မီက အိမ်ထောင်ရေးကံမကောင်းဘဲ သားဖြစ်တဲ့ ရူဒီလေးကို တစ်ယောက်တည်း ပျိုးထောင်နေရတဲ့ Single Mom တစ်ယောက်...မောင်ဖြစ်တဲ့ တယ်ရီကလည်း ခြေသလုံးအိမ်တိုင် လျှောက်သွားရင်း ဘာလုပ်လုပ် အဆင်မပြေတဲ့သူ...တယ်ရီ ပြန်လာတဲ့အချိန် အစပိုင်း အားလုံးအဆင်ပြေပေမယ့် တယ်ရီရဲ့ စေတနာအမှားတစ်ခုကြောင့် မောင်နှမနှစ်ယောက် စိတ်အခန့်မသင့် ဖြစ်ရာကနေ...မိဘမဲ့ခဲ့ရတဲ့ မောင်နှမနှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို မျက်ရည်ကျလောက်တဲ့အထိ ရိုက်ချက်တွေ ဇာတ်အိမ်တွေနဲ့ ရုပ်ရှင်ချစ်သူတွေကို အဆုံးထိ ဆွဲခေါ်သွားနိုင်မယ့်ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။