HD
Rise of the Footsoldier 3: The Pat Tate Story
(ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။)Rise of the Footsoldierရဲ့ တတိယာကားပေမဲ့ တကယ်ဆို Spin-offကားလို့ ပြောရင်ပိုမှန်ပါမယ်။ ပထမ၂ကားလို ဖြစ်ရပ်မှန်သက်သက်တော့ မဟုတ်တော့ပါဘူး။ ဖြည့်စွက်ထားတာတွေ ရှိပေမဲ့ဂန်းစတားကားတစ်ကားအနေနဲ့တော့ ကြည့်ကောင်းပါတယ်။ ၂ထက် ပိုကောင်းတယ်ပြောရမယ်။ ပထမဆုံးဖြစ်ရပ်မှန်ကားမှာ ပတ်တိတ်ကို တစ်ကားလုံးထဲက အကြမ်းအရမ်းဆုံး လူကြမ်းလူရမ်းကြီးအနေနဲ့ ပြခဲ့ပါတယ်။ ထိန်းမနိုင်သိမ်းမရ အရိုင်းအစိုင်းအစစ်ကြီးအနေနဲ့ပေါ့။ ဒီထဲမှာတော့ ပထမ၂ကားက အဓိကဇာတ်ကောင်က မပါတော့ပါဘူး။ ပထမကားထဲက တကယ်ဖြစ်ခဲ့တဲ့အမှုထဲမှာ သေသွားခဲ့တဲ့လူကြမ်းကြီး ၃ယောက်ရဲ့ ခင်မင်မှုကိုပဲပြထားတယ်။ပထမကားမှာတော့ ပတ်တိတ်ဟာ ပလိန်းကြီး ကြောင်တောင်တောင်နဲ့ ရိုက်ပုတ်နေတဲ့ ရက်စက်တဲ့ လူသန်ကြီးလို့ ပုံဖော်ထားပေမဲ့ သူ့ဇာတ်လမ်းကို အသားပေးထားတဲ့ ဒီကားမှာတော့ပတ်တိတ်မှာလည်း သူ့အကြောင်းနဲ့သူရှိနေတာကို ပုံဖော်ထားပါတယ်။