ဂင်ဒို့ဂျာ (Ahn Hyo-Seop) ဟာဆိုရင်တော့ "ကမ္ဘာပျက်ချိန် ရှင်သန်နည်း ၃ နည်း" ဝတ္ထုရဲ့ အမာခံ စာဖတ်ပရိသတ်ဖြစ်ပြီး ဇာတ်သိမ်းအပါအဝင် ဇာတ်လမ်းတစ်ခုလုံးကို သိနေတဲ့ တစ်ဦးတည်းသောသူပါ။တစ်နေ့မှာတော့ ကမ္ဘာကြီးက ဝတ္ထုထဲက ဇာတ်ခုံအဖြစ် ပြောင်းလဲသွားပြီး ဒို့ဂျာလည်း ဝတ္ထုရဲ့ ဇာတ်လိုက်ဖြစ်တဲ့ ယူဂျွန်းဟျော့ (Lee Min-Ho) နဲ့ တွေ့ဆုံရဖို့ အကြောင်းဖန်လာပါတော့တယ်။ဒီဝတ္ထုကမ္ဘာထဲမှာ ဘယ်လိုရှင်သန်ရမယ်ဆိုတာကို သိထားတဲ့ တစ်ဦးတည်းသောသူဖြစ်တဲ့ ဒို့ဂျာတစ်ယောက် ဇာတ်လိုက် ယူဂျွန်းဟျော့အပါအဝင် ကျန်မဟာမိတ်အဖော်များနဲ့အတူ ဇာတ်သိမ်းအသစ်ကို ရေးသားပြီး ကမ္ဘာပျက်မဲ့အရေးကနေ ကယ်တင်ဖို့ ကြိုးပမ်းကြရာမှာတော့...ဝတ္ထုထဲက ဇာတ်ကွက်တစ်ခုချင်းစီကို clear လုပ်ရင်း အဆုံးမှာ ကမ္ဘာကြီးကို ကယ်တင်လိုက်နိုင်မလားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးဖြစ်တာကြောင့် လက်မလွတ်တမ်း အပြေးကြည့်ရှုလိုက်ကြပါဦးရှင်။