Downton Abby: A new Era မှာ ခရော်လီမိသားစုဝင်များ ပြင်သစ်နိုင်ငံတောင်ဘက်ခြမ်းခရီးသွားအပြီးပြန်လာတဲ့အချိန်မှာ ခရော်လီမိသားစုရဲ့ ဘဏ္ဍာရေးပြဿနာတွေပိုပြီးအတိအလင်းဖြစ်လာပါတယ်။ တစ်ချိန်တည်းမှာပဲ လေဒီမေရီဟာလည်း အိမ်ထောင်ရေးပြဿနာတက်ပြီး အရှုပ်အရှင်းကိစ္စများရှိလာကာ အိမ်ထောင်ကွဲသွားပြီး အမွေဆက်ခံရမယ့်သူဖြစ်ပေမယ့်လည်းမိသားစုအတွင်းမှာကော အသိုင်းအဝိုင်းကြားထဲမှာပါ မျက်နှာမတင့်တယ်နိုင်ဖြစ်နေပါတယ်။ ဒီလိုနဲ့ အိမ်ထောင်ကွဲတစ်ယောက်ဖြစ်တဲ့ မေရီတစ်ယောက် သူ့ရဲ့အိမ်ထောင်ရေးအလွန်က ဘဝခရီးစဉ်ကို ဘယ်လိုဆက်လျှောက်မလဲ၊ ခရော်လီမိသားစုဝင်တွေရဲ့အနာဂတ်ရှေ့ရေးကဘယ်လိုဖြစ်လဲဆိုတာကို ဒီရုပ်ရှင်ဇာတ်လမ်းမှာ စိတ်ဝင်တစား ရှုမြင်ခံစားရမှာပဲဖြစ်ပါတယ်။