The Toxic Avenger Unrated HD

The Toxic Avenger Unrated

Action Comedy Science Fiction HD 2025-08-28 5.871 102 Min

GOT မင်းသားကြီး Peter Dincklage နဲ့ Kevin Beacon တို့ ပါဝင်ထားတဲ့ အဗန်ဂျာရုပ်ရှင်အသစ်ရပါပြီ။အဗန်ဂျာဆိုပေမဲ့ Marvel ကတော့မဟုတ်ပါဘူး.. Comic ဇာတ်ကောင်တစ်ခုကို ရုပ်ရှင်ပြန်ရိုက်ထားတာပါ။ကလေးတစ်ယောက်ရဲ့ဖခင် ဝင်စတန်ဂုဇ်ဆိုသူဟာ ဘီတီအိတ်ချ်ဆိုတဲ့ ဓာတုဇီကုမ္ပဏီမှာ အောက်ခြေ သန့်ရှင်းရေးဝန်ထမ်းအဖြစ်လုပ်လာတာ ၁၃ နှစ်ရှိပါပြီ။ဒီကုမ္ပဏီက ဓာတုစွန့်ပစ်ပစ္စည်းတွေကိုအမြဲသန့်ရှင်းရေးလုပ်နေရတာကြောင့် ဦးနှောက်ပျက်သွားပြီး ကုသခွဲစိတ်လို့မရ အချိန် ၁ နှစ်ပဲအများဆုံးကျန်တော့တယ်ဆိုတာကိုသိလိုက်ရတဲ့အခါ ဝင်စတန်ရဲ့ဘဝကြီးက နေ့ချင်းညချင်းပြောင်းလဲသွားပါတယ်။တစ်ချိန်ထဲမှာပဲ ဘီတီအိတ်ချ်က ဇီဝအားတိုးဆေးလို့ခေါ်တဲ့ ဆေးတစ်မျိုးကို တီထွင်နေပေမဲ့ သာမန်လူသားတွေအတွက် သေစေနိုင်တဲ့အထိ ဘေးထွက်ဆိုးကျိုးတွေများလွန်းပါတယ်။ဒါပေမဲ့ Dwarf တစ်ယောက်ဖြစ်နေတဲ့ ဝင်စတန်အတွက်တော့ အဆိုးထဲကအကောင်းဆိုသလို ဒီအရာတွေနဲ့ထိတွေ့မိတဲ့အခါ အစိမ်းကောင်ကြီးတစ်ကောင်အဖြစ်ပြောင်းလဲသွားပြီးစူပါလူသားခွန်အားတွေနဲ့ အစွမ်းတွေတိုးလာပြီး ဘီတီအိတ်ချ်ရဲ့ နောက်ကွယ်ကမသမာ ဒုစရိုက်မှုတွေကို ရင်ဆိုင်ဖို့ဖြစ်လာပါတော့တယ်။