ဆယ်လျောင်းရွာငယ်မှာရှိနေတဲ့ ရေကာတာမှာ လုံခြုံရေးမန်နေဂျာအဖြစ် ပြောင်းလာတဲ့ ချွဲဟျွန်းဆူ (Ryu Seung Ryoung) ဟာ သူရဲ့အိမ်အသစ်ဆီ သွားနေရင်း လမ်းပျောက်နေခဲ့ပါတယ်...ထူထဲအုံဆိုင်းလာတဲ့ မြူခိုးတွေကြောင့် တောအုပ်ထဲကနေ ပြေးထွက်လာတဲ့ ကလေးမလေးကို မတော်တဆ တိုက်မိပြီး ကြောက်အားလန့်အားနဲ့ အလောင်းကို ရေကန်ထဲ ပစ်ချကာဖျောက်မိခဲ့ပါတယ် .. ကလေးမလေးရဲ့ အဖေတစ်ဖြစ်လဲ အိမ်တွင်းအကြမ်းဖက်မှုကို ကျူးလွန်နေသူတစ်ဦးဖြစ်တဲ့ ဆေးရုံအုပ်အိုယောင်းဂျယ် (Jang Dong Geun)က ..သမီးဖြစ်သူကို သတ်သွားတဲ့သူကို အငြှိုးတစ်ကြီးလိုက်ရှာပြီး ဘယ်လိုလက်စားချေသွားမလဲ .. မရည်ရွယ်ဘဲ သတ်မိလိုက်သူ ချွဲဟျွန်းဆူရဲ့ ကံကြမ္မာကရော ဘယ်လိုတွေဖြစ်ပျက်ကုန်မလဲဆိုတာကို Seven Years of Night ဆိုတဲ့ လျှို့ဝှက်သည်းဖို ဇာတ်ကားလေးထဲမှာ ကြည့်ရှုလိုက်ကြရအောင်နော် ..