Caught Stealing FHD

Caught Stealing

Comedy Crime Thriller FHD 2025-08-26 7 107 Min

ဟော်လီးဝုဒ်ရဲ့ နာမည်ကြီး All-star A list  တွေကြည့်ပါဝင်ထားတဲ့ ရုပ်ရှင်ကားကြီးထွက်လာပါပြီ..Austin  Butler, Bad Bunny , Zoe Kravitz, Matt Smith  ..ပါတဲ့ Cast တွေနဲ့တင်အရမ်းကောင်းနေပြီး Rating လည်း 7.3 လောက်ရထားပါတယ်...ဇာတ်လမ်းကတော့ရိုးရှင်းပါတယ်...ငယ်ငယ်က ဘေ့စ်ဘောအားကစားမှာ ပါရမီပါခဲ့ပေမဲ့ အက်ဆီးဒင့်တစ်ခုကြောင့် ဘဝလမ်းပျောက်ပြီး အသက်နည်းနည်းရလာတော့ ဘားတစ်ခုမှာ အဖျော်ဆရာလုပ်ပြီး ဘဝကိုအေးဆေးဖြတ်သန်းနေခဲ့တဲ့ဟန့်ခ်သွန်ဆင်ဆိုတဲ့ လူတစ်ယောက်ရှိတယ်...သူ့ဆီကို တစ်နေ့ သူငယ်ချင်းဟောင်း ရက်စ်မိုင်နာဆိုသူက အလောတကြီးရောက်လာပြီး ကြောင်တစ်ကောင်နဲ့ သော့တစ်ချောင်းကိုပေးသွားပါတယ်...ပြီးတော့ လန်ဒန်က အဖေဖြစ်သူရဲ့နောက်ဆုံးအချိန်ရောက်နေလို့ ပြန်ရမှာဆိုပြီး..ဟန့်ခ်ကို ကြောင်နဲ့ သော့ကိုပါအပ်သွားတယ်..ဒါပေမဲ့ဖြစ်ချင်တော့ ရက်စ်အပ်သွားတဲ့ကြောင်တစ်ကောင်နဲ့သော့တစ်ချောင်းနောက်ကွယ်မှာ ဟန့်ခ်ဘဝကိုဇောက်ထိုးမိုးမျှော်ဖြစ်သွားစေမယ့် နောက်ဆက်တွဲကိစ္စတွေ အများကြီးပါဝင်လာတဲ့အခါ ဘာဆက်ဖြစ်သွားမလဲဆိုတာကို ကိုယ်တိုင်ပဲ ကြည့်လိုက်ကြပါဦး