ဘဏ်လုံခြုံရေးအစောင့်တစ်ဦးဖြစ်တဲ့ ရှင်းဆော့ဟွန်းက ဥက္ကာခဲ ကျရောက်မှုကြောင့် စွမ်းအင်သက်ရောက်မှုရှိနေသော တောင်ကျစမ်းရေကို သောက်မိပြီးနောက်မှာ အရာဝတ္ထုများကို စိတ်ဖြင့် ရွှေ့လျားနိုင်သော သဘာဝလွန်စွမ်းအင်ကို ရရှိလာခဲ့တယ်။သူသည် အကြွေးကိစ္စကြောင့် ပြဿနာတက်ခဲ့ရာကနေ အမျိုးသမီးနဲ့ ကွာရှင်းပြီး သမီးဖြစ်သူ အသက် ၁၀ နှစ်ကတည်းက အိမ်က ထွက်လာကာ တစ်ကိုယ်တည်းနေနေခဲ့တယ် တစ်နေ့မှာသမီးဖြစ်သူ ရှင်းရူမီက မိခင်ဖြစ်သူ ဆုံးပါးသွားကြောင်း သူ့အား ဖုန်းဆက်ပြောခဲ့ရာ ဈာပနာအခမ်းအနားကို ရောက်သွားခဲ့ပါတယ်။အဲဒီအခါမှာတော့ ဇနီးသည်ရဲ့ သေဆုံးမှု အကြောင်းစုံကို သိသွားခဲ့ရပြီး သမီးဖြစ်သူ ကြုံတွေ့နေရတဲ့ ပြဿနာကိုပါ သိရှိသွားခဲ့တယ်။ ထယ်ဆန်းကုမ္ပဏီဟာ သမီးဖြစ်သူရဲ့ ကြက်ကြော်ဆိုင်ခန်းရှိရာ နမ်ဖြောင်းဈေးဆိုင်တန်း ဖြိုချပြီး တရုတ်ခရီးသွားတွေအတွက် ဈေးဝယ်စင်တာကြီးဆောက်ဖို့ စီမံကိန်းဆွဲထားခဲ့တယ်အဲဒါကြောင့် နမ်ဖြောင်းဈေးဝယ်စင်တာမှာ ဆိုင်ခန်းငှားခဲ့ကြတဲ့ သူတွေက ကျူးကျော်နေထိုင်သူများအဖြစ်သို့ နေချင်းညချင်း ရောက်ရှိသွားခဲ့တယ်။အဲဒီအတွက်ကြောင့် သမီးဖြစ်သူ ရှင်းရူမီကလည်း တခြားကျူးကျော်နေထိုင်သူများနဲ့ ပေါင်းကာ နမ်ဖြောင်းဈေးဝယ်စင်တာ မဖြိုချရေးအတွက် လုံးပမ်းနေခဲ့ခြင်းဖြစ်တယ် ရှင်းဆော့ဟွန်းကလည်း သမီးဖြစ်သူဆီ လာတွေ့ရာကနေ ဒီအရှုပ်ထုပ်တွေထဲ ပါဝင်သွားခဲ့တယ်။ရှင်းဆော့ဟွန်းတစ်ယောက် သူပိုင်ဆိုင်ထားတဲ့ သဘာဝလွန်စွမ်းအင်ကို အသုံးပြုကာ သမီးဖြစ်သူကို ဘယ်လိုကာကွယ်ပေးမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲကြည့်ရှုအားပေးလိုက်ကြပါဦးနော်။