Don't Blink HD

Don't Blink

Horror HD 2014-09-18 4.9 92 Min

သူငယ်ချင်းအုပ်စုတစ်စုဟာ လူသူမနီးတဲ့တောင်ပေါ်အပန်းဖြေစခန်းတစ်ခုကို စနေတနင်္ဂနွေအားလပ်ရက်အတွက်အပန်းဖြေဖို့ရောက်ရှိလာကြပါတယ်။ သူတို့တွေထဲမှာချစ်သူရည်းစားအတွဲတွေ၊ပြတ်စဲပြီးကာစ နောက်တစ်ယောက်နဲ့တွဲခုတ်လာသူတွေစသဖြင့်ပတ်သက်ပုံအမျိုးမျိုးနဲ့ဇာတ်လမ်းကိုယ်စီရှိကြတဲ့သူတွေပါ။ သူတို့တွေရောက်ရှိလာချိန်မှာအပန်းဖြေစခန်းတစ်ခုလုံး လူသူကင်းမဲ့နေပြီး ကျန်နေခဲ့တဲ့ပစ္စည်းပစ္စယတွေကိုကြည့်ခြင်းအားဖြင့် အားလုံးဟာရုတ်တရက်ထထွက်သွားတဲ့ပုံစံပေါက်နေပါတယ်စားလက်စအစားအသောက်တွေ၊ မဖြေရသေးတဲ့အထုပ်အပိုးတွေဟာ ဒီအတိုင်းကျန်နေရစ်ခဲ့တာပါ။အဲ့ဒီလိုနဲ့လူသူရှိလိုရှိငြားနေရာအနှံ့လျှောက်ရှာရင်း ပိုထူးခြားတဲ့ အနေအထားတွေကိုတွေ့လာရပါတယ်။ အဲ့ဒါကတော့ပူပြင်းတဲ့ကာလမှာ ရေကန်ကြီးက ရေခဲနေတာ၊ငှက်တွေကအစအင်းဆက်တွေအဆုံး ဘယ်လိုသက်ရှိသတ္တဝါမျိုးကိုမှ မတွေ့ရတာတွေပါပဲ။အဲ့ဒါတွေကြောင့် လှည့်ပြန်သွားဖို့စိတ်ကူးမိပေမယ့်လည်း ဆီပန့်တွေအကုန်ပိတ်နေသလို သူတို့ကားတွေမှာလည်းဆီမရှိတော့ပါဘူး။တစ်ဖြည်းဖြည်းခြောက်ခြားလာတဲ့သူတို့အုပ်စုတကယ်တမ်းမှာ ရင်ဆိုင်ရမယ့် အန္တရာယ်တွေက အစပဲရှိပါသေးတယ်။ Don't Blink ဟာမြင်နေကျဟော်ရာဇာတ်ကားတွေလိုသွေးထွက်သံယိုမြင်ကွင်းတွေ၊ ဗီလိန်ဇာတ်ကောင်စစ်စစ်တွေ မပါဝင်ပဲခြောက်ခြားစေရုံသာမက အတွေးနယ်ချဲ့စရာဟော်ရာကားကောင်းတစ်ကားဖြစ်ပါတယ်။