ဇက်ခ်ဆိုတဲ့ အားနာတတ်တဲ့လူတစ်ယောက် အလုပ်မှာလည်းသူဌေးရဲ့အနိုင်ကျင့်ခြင်းကိုခံနေရတဲ့သူ။ သူနဲ့ကြိုက်နေတဲ့ရည်းစားကိုလည်း မကြိုက်ပေမယ့်အားနာလို့ဆိုပြီးဆက်တွဲနေခဲ့တာ။ ဒီလိုအမြဲတမ်းအားနာတတ်ပြီးကိုယ့်ကိုယ်ကိုထက် သူတစ်ပါးကိုပဲရှေ့တန်းတင် စဉ်းစားပေးတတ်တဲ့သူတစ်ယောက်။နောက်ထပ် ဇက်ခ်ဆိုတဲ့ နာမည်နဲ့လူတစ်ယောက် သူကကျတော့ဘဝမှာဘာမှမအောင်မြင်တဲ့သူ စာရေးဆရာဖြစ်ဖို့ကို အိပ်မက်မက်နေသူ။အရာရာကိုမကောင်းမြင်တဲ့မျက်လုံးနဲ့ကြည့်တတ်တဲ့သူ ။ ဒီလို ဇက်ခ်ဆိုတဲ့နာမည်တူတဲ့လူနှစ်ယောက် အခက်အခဲတွေကိုယ်စီနဲ့လူနှစ်ယောက် တွေ့ဆုံကြတဲ့အခါမှာသူ့အခက်အခဲတွေကြောင့် သူတပါးထိခိုက်မှာစိုးရိမ်တဲ့သူနဲ့အမြဲတမ်းအခက်အခဲတွေကြုံနေရတဲ့သူ ။ ဒီလူနှစ်ယောက်ဆုံတွေ့ခဲ့ကြပြီးတစ်ယောက်နဲ့တစ်ယောက် အခက်အခဲတွေကိုကျော်လွှားပြီးနားလည်မှုအပြည့်နဲ့အချစ်ခရီးလမ်းကို ဘယ်လိုရှေ့ဆက်မယ်ဆိုတာ ဆက်လက်ကြည့်ရှုအားပေးကြပါအုံး ....