How to Use Guys with Secret Tips HD

How to Use Guys with Secret Tips

Comedy Romance HD 2013-02-14 6.4 116 Min

ဒီတစ်​ခေါက်ရုပ်ရှင်​လေးက​တော့ ၂၀၁၃ခုနှစ်မှာ ပြသခဲ့တဲ့ How to Use Guys with Secret Tipsဆိုတဲ့ Comedy Romance ဇာတ်လမ်း​လေးဖြစ်ပါတယ်။ လက်​ထောက် ဒါရိုက်တာချွဲဘိုနာ (Lee Si Young) က ဒါရိုက်တာအဖြစ်ပွဲဦးထွက်နိုင်​ပေဖို့ ကြိုးစား​နေ​ပေမဲ့ ဖိုဝါဒီကြီးစိုးတဲ့ ​ရုပ်ရှင်လောကထဲမှာ ရုန်းကန်လှုပ်ရှား​နေရတဲ့သူ၊ ​ယောကျ်ား​​တွေ​နဲ့ ယှဥ်လိုက်ရင် အမြဲ​ချောင်ထိုးခံထားရသူတစ်​ယောက်ဖြစ်တယ်။ တစ်​နေ့မှာ ကြော်ငြာရိုက်ကူးအပြီး ရိုက်ကူး​ရေးအဖွဲ့က ချွဲဘိုနာကို ကမ်း​ခြေမှာ ထားပစ်ခဲ့တာ​ကြောင့် ထူးဆန်းတဲ့ စျေးသည်တစ်​ယောက်နဲ့​တွေ့ပြီး ​ယောကျ်ားအသုံးပြုနည်းလမ်းညွှန်ဆိုတဲ့ ဗီဒီယိုကို ဝယ်ဖြစ်သွားတယ်။ အဲဒီဗီဒီယိုထဲမှာ ​ယောကျ်ား​တွေကို ထိန်းချုပ်ပြီး ကိုယ်လိုသလို အသုံးချနိုင်မယ့် နည်းလမ်း​ကောင်း​တွေ ပါဝင်တာကြောင့် ချွဲဘိုနာတစ်​ယောက် ​ယောကျ်ား​တွေအ​​​ပေါ် စပြီး စမ်းသပ်ပါ​တော့တယ်။စမ်းသပ်ခံ​ယောကျ်ား​တွေထဲမှာ အာရှကြယ်ပွင့်ဖြစ်တဲ့ အီဆွန်းဂျယ် (Oh Jung Se)လည်း ပါဝင်ခဲ့တယ်။ အီဆွန်းဂျယ်က ချွဲဘိုနာနဲ့ အစပိုင်းမှာ က​တောက်ကဆဖြစ်ခဲ့​ပေမယ့်လည်း နှစ်​ယောက်သား ခင်မင်ရင်းနှီးပြီး​နောက် တစ်ညတာဆက်ဆံ​ရေးအဆင့်ထိ ​ရောက်သွားပါ​တော့တယ်။  ချွဲဘိုနာက​တော့ စိတ်ကူး​တွေယဥ်​နေခဲ့ပေမဲ့ အီဆွန်းဂျယ်က​တော့ သိပ်အ​လေးမထား​​ခဲ့ပါဘူး။ ဒါ​​ကြောင့် အီဆွန်းဂျယ်ကို ပညာ​ပေး ထိန်းချုပ်ပြီး ကိုယ့်နားက မခွာနိုင်​အောင် ဗီဒီယိုထဲက နည်းလမ်း​တွေကို ဘယ်လိုအသုံးချသွားမလဲ၊ အီဆွန်းဂျယ်က​ရော ဗီဒီယိုနဲ့ ထိန်းချုပ်​နေတာကို သိသွားမလား၊ ​ဖိုဝါဒီကြီးစိုးတဲ့ ရုပ်ရှင်​လောကထဲချွဲဘိုနာတစ်​ယောက် ဘယ်လိုရပ်တည်သွားမလဲဆိုတာ ကြည့်ရှုလိုက်ရ​အောင်ပါ။