My Daughter is a Zombie HD

My Daughter is a Zombie

Comedy Drama HD 2025-07-30 6.571 114 Min

ကျားတွေကို ထိန်းကျောင်းလေ့ကျင့်ရေးပညာရှင် ဂျောင်ဟွမ် နဲ့ အကပညာကို စိတ်အားထက်သန်တဲ့ သူ့ရဲ့ ဆယ်ကျော်သက်သမီး ဆူအာတို့ဟာ နေ့တိုင်း တကျက်ကျက်နဲ့ စကားများနေတတ်ကြတဲ့သားအဖတွေပေါ့။ တစ်နေ့ ကမ္ဘာအနှံ့ ဇွန်ဘီဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့လာပြီး ဆူအာက ဗိုင်းရပ်စ်ကူးစက်ခံရကာဇွန်ဘီအဖြစ်သို့ ပြောင်းလဲသွားပါတော့တယ်။ အဲဒီမှာပဲ ဂျောင်ဟွမ်တစ်ယောက် ဇွန်ဘီဖြစ်သွားတဲ့ သူ့သမီး ဆူအာကို ကာကွယ်ဖို့ သူ့အမေ နေထိုင်တဲ့ ကမ်းခြေကျေးရွာလေးဖြစ်တဲ့ အွန်းဘုံးရီရွာကို စွန့်စွန့်စားစားနဲ့ ထွက်လာခဲ့ရတဲ့အချိန်တစ်ဖက်မှာလည်း အစိုးရနဲ့ စစ်တပ်အာဏာပိုင်တွေက ဇွန်ဘီဗိုင်းရပ်စ် ကူးစက်ခံရသူတွေကို အမြစ်ပြတ်ချေမှုန်းဖို့လုပ်ဆောင်နေကြတာပေါ့။  တဖြည်းဖြည်းနဲ့ ဇွန်ဘီလေး ဆူအာဟာ လူတွေပြောတာကို နားလည်တဲ့ အရိပ်အယောင်တွေပြသလာပြီး သူ့အကြိုက်ဆုံးအရာတွေဖြစ်တဲ့ အကနဲ့ အဖေနဲ့ အဘွားဖြစ်သူကို ပြန်လည်တုံ့ပြန်တဲ့ အပြုအမူတွေ ပြသလာတာကြောင့် ဂျောင်ဟွမ်ဟာ သမီးကို လက်မလျှော့နိုင်ဘဲ နှစ်ပေါင်းများစွာ ကျား‌ ထိန်း‌ကျောင်းလေ့ကျင့်‌ရာမှာ အသုံးပြုခဲ့တဲ့ သူ့ရဲ့အတွေ့အကြုံတွေကို အသုံးချပြီး ဇွန်ဘီဖြစ်နေတဲ့ သမီးဖြစ်သူကို စတင်လေ့ကျင့်ပေးပါတော့တယ်။နောက်ဆုံးမှာတော့ သမီးဖြစ်သူ မှတ်ဉာဏ်တွေ ပြန်ရပြီ လူပြန်ဖြစ်လာနိုင်မလား....ဇွန်ဘီအဖြစ်နဲ့ပဲ အသတ်ခံလိုက်ရမလားဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုအားပေးလိုက်ကြပါဦးနော်။