Creeper in the Woods HD

Creeper in the Woods

Horror HD 2025-04-04 8.3 0 Min

မတွေ့ဆုံရတာ ကြာပြီဖြစ်တဲ့ သူငယ်ချင်းတစ်စုဟာ တိုက်တိုက်ဆိုင်ဆိုင် ညနေခင်း ဘားတစ်ခုမှာ ဆုံဖြစ်ခဲ့ကြတယ်။ အချင်းချင်း သာကြောင်းနာကြောင်းမေးကြရင်း၊ ကိုယ်စီ ကောင်မလေးတွေအကြောင်းမေးကြရင်းကနေ မကြာမီကသူတို့ သွားဖို့ချိန်းထားခဲ့တဲ့ ခရီးအကြောင်းကို စကားဆက်မိသွားပါတယ်။သူတို့ဟာ  မြို့ပြရဲ့ ဆူညံသံတွေကနေ ကင်းဝေးပြီး သဘာဝရဲ့ အလှအပတွေကို ခံစားဖို့ တောနက်ထဲမှာ   အပန်းဖြေစခန်းချခရီးထွက်ဖို့ကို စီစဉ်ထားခဲ့ကြတာဖြစ်ပြီး လာမယ့်အပတ်မှာသွားဖို့ကိုလဲ သေချာအောင် တိုင်ပင်ခဲ့ကြပါတယ်။ ဒီလိုနဲ့ အတွဲသုံးတွဲဟာ ဗန်ကားနဲ့အတူ တောထဲကို ခရီးထွက်ခဲ့ကြပါတယ်။ သူတို့ထဲက ကောင်မလေးတစ်ဦးဟာဒီလိုနေရာမျိုးတွေမှာ ဇာတ်ကားထဲကလို ဂျေဆင်လို့ခေါ်တဲ့လူသတ်သမား ရှိနေမှာကို အတွေးလွန်ပြီး ကြောက်နေပါတယ်။ ကျန်တဲ့အတွဲတွေကတော့ ဂျေဆင်ဟာ တကယ်မရှိကြောင်း၊ ဒီလိုတောမျိုးမှာ ဘယ်လူမှမနေနိုင်ကြောင်း ပြောကာဖြောင်းဖြပေးခဲ့ကြပါတယ်။ ဒီလိုနဲ့ မကြာခင်မှာပဲ သူတို့တောထဲရောက်သွားကြပြီး တဲထိုးကာ အနားယူကြပါတယ်။ ဒါပေမဲ့ မီးမွှေးဖို့ အားလုံးလူခွဲကာ ထင်းသွားရှာကြတဲ့အခါမှာတော့ မျက်နှာဖုံးစွပ်ထားတဲ့လူတစ်ဦးကို အတွဲတစ်တွဲက  အမှတ်မထင်တွေ့ခဲ့ရပါတယ်။ သို့ပေမဲ့ သူတို့ကို ဘာအန္တရာယ်မှ မပေးခဲ့ပါဘူး။ နောက်တစ်တွဲဟာလည်း လမ်းကခြုံတစ်ခုမှာ ကျည်ဆံကို အကြောင်းမဲ့ရှာတွေ့ခဲ့ပါတယ်။ ဒီလိုနဲ့ထူးဆန်းတာတွေ တစ်ခုပြီးတစ်ခုဖြစ်လာခဲ့ပြီး သူတို့တွေ ဘာဆက်ဖြစ်မလဲ၊ ဘယ်လိုအရာနဲ့သူတို့ရင်ဆိုင်ရမလဲ၊ ရှင်သန်နိုင်ကြမလားဆိုတာကိုတော့ ဇာတ်ကားလေးကြည့်ရင်းသာ ရှာဖွေလိုက်ကြရအောင်။