Veer HD

Veer

Action Romance HD 2010-01-22 5.1 160 Min

ဆယ်လ်မန်ခန်း၊ တိုက်ဂါးရှရော့ဖ်နဲ့ ကုလားကျော်ဟိန်းလို့ခေါ်ကြတဲ့ မင်းသားကြီးမီသွန်တို့အဓိကပါဝင်ထားပြီး ၁၉ရာစု ကိုလိုနီခေတ်ကို အခြေခံထားတဲ့ အက်ရှင်ဒရာမာရုပ်ရှင်ကားဟောင်းကြီးကိုတင်ဆက်ပေးလိုက်ပါတယ်။၁၈၇၅ခုနှစ်၊ ကိုလိုနီလက်အောက်ခံအဖြစ် ရောက်ရှိနေချိန်...။အိမ်ရှေ့မင်းသားရဲ့ သစ္စာဖောက်မှုကြောင့် ပင်ဒါရီမျိုးနွယ်စုတွေ နေရပ်ကိုစွန့်ခွာခဲ့ကြရတယ်။ပင်ဒါရီမျိုးနွယ်စုတွေ တောထဲမှာခိုလှုံရင်း ဘုရင်ကိုပုန်ကန် ဗြိတိသျှနယ်ချဲ့တွေဆီက တိုက်ခိုက်လုယက်ရင်းအသက်ဆက်နေကြတာပေါ့။ဗြိတိသျှတွေရဲ့ ကောက်ကျစ်ပါးနပ်မှုကို အမီလိုက်ဖို့ မျိုးနွယ်စုခေါင်းဆောင်ရဲ့သား ဗီးရ်အရွယ်ရောက်လာချိန်မှာတော့အင်္ဂလန်ကိုလွှတ်ပြီး ပညာသင်စေခဲ့တယ်။ဗီးရ်တစ်ယောက် ဘုရင်နဲ့ဗြိတိသျှတွေကို အမြစ်ဖြတ်သုတ်သင်မယ် သစ္စာပြုထားခဲ့ပေမဲ့ချစ်မိသူလေးက မင်းသမီးတစ်ပါးဖြစ်နေတဲ့အခါမှာတော့...။