Lost Bullet 2 HD

Lost Bullet 2

Action Drama Thriller HD 2022-11-10 7.4 0 Min

ဒီကားထဲမှာတော့ လီနိုဟာ သူ့ရဲ့နာမည်ဆိုးကိုရှင်းလင်းသွားပြီးတဲ့နောက်မှာ ဂျူလီယာနဲ့လက်တွဲပြီး မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့တစ်ခုကိုတည်ထောင်လိုက်ပါတယ် ဒါပေမယ့် သူ့ရဲညီနဲ့ ခေါင်းဆောင်ချာရက်စ်ကို သတ်လိုက်တဲ့လူသတ်သမားအရက်စကီကိုတော့ဖမ်းမမိသေးပါဘူး လီနိုဟာသူ့ရဲ့ညီနဲ့ ချာရက်စ်အတွက် လက်စားချေဖို့အမြဲတမ်းကြိုးစားနေခဲ့ပါတယ် တစ်ရက်မှာတော့လီနိုဆီကို အမည်မသိဖုန်းတစ်ခုဝင်လာပြီး အရက်စကီရဲ့ကြံရာပါဖြစ်တဲ့ မာကိုရဲ့နေရာကို သတင်းပေးခဲ့ပါတယ် လီနိုဟာ မာကိုကတဆင့်အရက်စကီရဲ့ တည်နေရာကိုစစ်မေးဖို့ကြိုးစားပေမယ့် မာကို့ကိုနှုတ်ပိတ်ရှင်းချင်နေတဲ့သူတွေပေါ်လာခဲ့ပါတယ် လီနိုတစ်ယောက် သူ့ရဲ့ညီနဲ့ခေါင်းဆောင်ချာရက်စ်သေဆုံးရမှုအတွက် လက်စားချေနိုင်လိုက်မှာလား မာကို့ကိုနှုတ်ပိတ်ဖို့လုပ်နေတဲ့သူတွေနောက်ကွယ်မှာရော ဘယ်သူတွေကကြိုးကိုင်နေတာလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်