Apollo 13 FHD

Apollo 13

Drama History FHD 1995-06-30 7.451 140 Min

ဒီကားဟာ မင်းသားကြီး Tom Hank ပါဝင်ထားပြီး ၁၉၉၅ ခုနှစ်က ထွက်ခဲ့တဲ့နာမည်ကြီး ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။၁၉၇၀ ပြည့်နှစ်က အမှန်တကယ် ဖြစ်ပျက်ခဲ့တဲ့ အပိုလို-၁၃ အာကာသယာဉ် ခရီးစဉ်ကို ရိုက်ကူးထားတာပါ။စွန့်စားခန်းတွေ၊ အက်ရှင်တွေ အများကြီးပါတဲ့ကားမျိုး မဟုတ်ပါဘူး။ကြည့်နေစဉ်တစ်လျှောက် ရင်ခုန်စိတ်လှုပ်ရှားနေရမှာပါ။ အာကာသထဲမှာမမျှော်လင့်ဘဲ အသက်အန္တရာယ်ကြုံလာတဲ့အခါ အာကာသယာဉ်မှူးတွေနဲ့ ကမ္ဘာပေါ်ကကွပ်ကဲရေးစခန်းကလူတွေ ဘယ်လိုပေါင်းစည်းပြီး အသက်ရှင်ဖို့ ကြိုးစားခဲ့ကြသလဲဆိုတာကို ပုံဖော်ပြထားပါတယ်။ပြဿနာတစ်ခုနဲ့ ကြုံလာတဲံအခါ လူသားတွေရဲ့ ဉာဏ်ရည်ဉာဏ်သွေး၊ ဇွဲလုံ့လနဲ့ အချင်းချင်းပူးပေါင်းဆောင်ရွက်မှုက ဘယ်လောက်တောင် အစွမ်းထက်သလဲဆိုတာကို ပြသပေးထားပါတယ်။IMBD - 7.7 နဲ့ Tomato - 94% ရထားတဲ့ကားမလို့ ပြန်လည် ကြည့်ရှုခံစားနိုင်အောင်တင်ဆက်ပေးလိုက်ပါတယ်။