Miss Baek HD

Miss Baek

Crime Drama Thriller HD 2018-10-11 7.5 98 Min

Miss Baek လို့ခေါ်ကြတဲ့ ဘဲ့ဆန်းအာ (Han Ji Min) က ငယ်စဉ်ကတည်းက ရခဲ့တဲ့ စိတ်ဒဏ်ရာတွေ ဘဝပေးအခြေအနေ ဆိုးရွားမှုတွေကြောင့် ဘဝကို အဓိပ္ပာယ်မဲ့စွာ ဖြတ်သန်းနေတဲ့သူပါ။ သူ့အ‌နားမှာ အမြဲကာကွယ်ပေးတတ်တဲ့ ရဲအရာရှိ ဂျန်ဆော့ (Lee Hee Joon) ကတော့ ဘဲ့ဆန်းအာနဲ့ အတူတူ ဘဝကို ဖြတ်သန်းဖို့ အမြဲ‌ မျှော်လင့်နေသူ တစ်ယောက်ပေါ့ဘယ်သူ့အပေါ်မှ မေတ္တာမထားချင်တဲ့ ဘဲ့ဆန်းအာတစ်ယောက် အိမ်တွင်းအကြမ်းဖက်ခံနေရတဲ့ ဂင်ဂျီအွန်း (Kim Si-a) ဆိုတဲ့ ကလေးမလေးနဲ့ တွေ့ပြီးတဲ့နောက် မိခင်တစ်ယောက်ဖြစ်ချင်တဲ့ စိတ်တွေနဲ့ ဘဝကပြန်လည်အသက်ဝင်လာခဲ့ပါတော့တယ်။ ဂင်ဂျီအွန်းကို အကြမ်းဖက်တတ်တဲ့ မိသားစုအသိုင်းအဝိုင်းကနေ ဘဲ့ဆန်းအာတစ်ယောက်ဘယ်လိုနည်းတွေနဲ့ ကြိုးစားကယ်တင်ပေးသွားမလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာ ရသစုံတဲ့ သရုပ်ဆောင်ချက်တွေနဲ့ မြင်တွေ့ ရမှာပဲ ဖြစ်သလို ဒီကားလေးက ဖြစ်ရပ်မှန်ကို ကျောရိုးယူပြီး ရိုက်ကူးထားတာဖြစ်တဲ့အတွက် က‌လေးသူငယ်အကြမ်းဖက်မှု  နှိမ်နင်းရေး ပညာပေးဇာတ်လမ်းလည်း ဖြစ်ပါတယ်။ Kim Si-a ရဲ့  ၁၀နှစ်အရွယ်လေးကတည်းက သရုပ်ဆောင်ပီပြင်ပုံတွေ၊ Han Ji Minရဲ့ ကျွမ်းကျင်တဲ့သရုပ်ဆောင်မှုတွေနဲ့ မေတ္တာတရားကို ထိထိမိမိ ပုံဖော်ပြထားတဲ့အတွက် လိုက်ပါခံစားနိုင်စေဖို့ တင်ဆက်ပေးလိုက်ပါတယ်။