ဒီရုပ်ရှင်က ဂျာမနီနိုင်ငံမှ ထုတ်လုပ်သော ရုပ်ရှင်တစ်ခုဖြစ်ပြီး ဒုတိယကမ္ဘာစစ်ကာလတုန်းက နာဇီဂျာမနီအဖွဲ့အတွင်း ဟစ်တလာကို ရှင်းပစ်ဖို့အတွက် ကြိုးပမ်းခဲ့တဲ့ Operation Valkyrie လို့ခေါ်တဲ့ လှုပ်ရှားမှုအကြောင်းကို အခြေခံထားတာပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်နဲ့ အလားတူပဲ၂၀၀၈ခုနှစ်တုန်းက Tom Cruise ရဲ့ Valkyrieဇာတ်ကားထွက်ရှိခဲ့ပါသေးတယ်။ဇာတ်လမ်းအကျဉ်းကတော့ နာဇီအာဏာရှင်စနစ်ကြီးရဲ့ရက်စက်ကြမ်းကြုတ်တဲ့ အုပ်ချုပ်မှုအောက်မှာ ဂျာမနီရဲ့အရာရှိတချို့က ဟစ်တလာရဲ့ ဖက်ဆစ်အုပ်ချုပ်မှုကြီးအောက်မှာ ဆက်မနေလိုဘဲ ရုန်းထွက်ချင်လာတဲ့အနေနဲ့ကာနယ် ဗွန် စတက်ဖန်ဘာ့ဂ် ခေါင်းဆောင်တဲ့ ဗိုလ်ချုပ်အဖွဲ့ဟာ Operation Valkyrieဆိုတဲ့ မဟာအစီအမံကြီးကိုလျှို့ဝှက်ကြံစည်ခဲ့ကြပါတယ်။သူတို့ရဲ့အကြံက နာဇီတို့ခေါင်းဆောင် အဒေါ့ဖ်ဟစ်တလာကိုလုပ်ကြံပြီး ကမ္ဘာစစအတွင်းမှာ စစ်ရှုံးနေတဲ့ ဂျာမနီနိုင်ငံကို အာဏာလုယူပြီးလက်နက်ချကာ နိုင်ငံကိုအထိမနာအောင် ကြံစည်ကြမယ့်အစီအစဉ်ပါ။ သူတို့ရဲ့အကြံ အောင်မြင်မှာလားဆိုတာကိုဒီဇာတ်ကားထဲမှာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။