သားယောကျ်ားလေးမွေးမှ မြတ်တယ်ဆိုတဲ့ ရှေးရိုးစွဲအယူအဆကို ဟာသနှောပြီးရိုက်ကူးထားတဲ့ အိန္ဒိယဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ညီဖြစ်သူလင်မယားက ယောကျ်ားလေးနှစ်ယောက်မွေးပြီးတဲ့ထိ မိန်းကလေးနှစ်ယောက်ဆက်တိုက်မွေးလိုအဖေဖြစ်သူ ဆူငေါက်ခြင်းခံနေရတဲ့ အစ်ကိုကြီးဆူနေးလ်။နောက်ထပ်တစ်ဗိုက်ထပ်ရချိန်မှာတော့ တစ်နိုင်ငံလုံးက ဘုရားတိုင်းကို လိုက်ဆုတောင်းကြပေမဲ့အမွှာကိုမှ မိန်းကလေးချည်းဖြစ်လိုနေပြန်ပါရော။ဒီမှာပဲ အစ်ကိုကြီးဖြစ်သူဆူနေးလ် သားမွေးဖို ဖိအားပေးခံရတဲ့ဘ၀ကနေ လွတ်မြောက်သွားပေမဲ့သမီးတစ်ကောင် နွားတစ်ထောင်ဆိုတဲ့ဆိုရိုးအတိုင်း သမီးလေးယောက်နဲ့ တိုင်ပတ်ပုံကိုတဝါးဝါးတဟားဟား ခံစားကြည့်ရှုကြရမှာပါ။