Altered Reality FHD

Altered Reality

Thriller Science Fiction FHD 2024-02-16 5.6 99 Min

ဒီဇာတ်လမ်းကတော့ လျှို့ဝှက်ဆန်းကျယဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ် .အိုလီဗာကွတ်ဆိုတဲ့သူဟာ မိသားစုအတွက်အလုပ်တွေလုပ်ရင်း ကြိုးစားရုန်းကန်နေတဲ့သာမန်ပုဂ္ဂိုလ်တစ်ယောက်ပဲဖြစ်ပါတယ်...စပရင်းအိမ်ရာလို့ခေါ်တဲ့ အပန်းဖြေအိမ်ရာဆီကိုလည်းမိသားစုနဲ့အတူ နှစ်စဉ်နှစ်တိုင်း သွားရောက်လည်ပတ်နေကျ ဖြစ်ပါတယ်..ဒီလိုနဲ့ ပုံမှန်အတိုင်း မိသားစုနဲ့အတူ အဲဒီအိမ်ရာဆီသွားရောက်လည်ပတ်တဲ့အချိန်မှာ အဲဒီအိမ်ရာကြီးကိုစောင့်ကြပ်နေရတဲ့ ထူးဆန်းတဲ့ပုဂ္ဂိုလ်တစ်ယောက်ကအဲဒီအိမ်ရာကြီးဟာ ဖြိုချဖျက်ဆီးခံရတော့မှာမို့အိုလီဗာကို တားဆီးပေးဖို့ တောင်းဆိုခဲ့ပါတယ်..အိုလီဗာဟာ သာမန်လူတစ်ယောက်မို့လို့အဲဒီလိုလုပ်ပေးနိုင်လောက်တဲ့အထိ မချမ်းသာတာကြောင့်အဲဒီထူးဆန်းတဲ့ ပုဂ္ဂိုလ်က အိုလီဗာကို ချမ်းသာအောင်လုပ်ပေးပြီးတော့ အိမ်ရာကို ဝယ်ယူခိုင်းလိုက်ပါတော့တယ်အိုလီဗာရဲ့ဘဝလည်း နေ့ချင်းညချင်း ပြောင်းလဲသွားပြီးတော့အလွန်ချမ်းသာသူတစ်ယောက် ဖြစ်လာပါတော့တယ်..ဒါပေမဲ့ တစ်ခုကိုလိုချင်ရင် တစ်ခုကိုပေးဆပ်ရတတ်တဲ့လောကသဘာဝအတိုင်း အိုလီဗာတစ်ယောက် ဘာတွေကိုပေးဆပ်ရမလဲဆိုတာနဲ့ ကိုယ့်ထက်သာရင် မနာလိုဖြစ်တတ်ကြတဲ့ ပတ်ဝန်းကျင်ကလူတွေရဲ့ တိုက်ခိုက်မှတွေကို ဘယ်လိုမျိုး ရင်ဆိုင်ရမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်....