ထူးထူးခြားခြား ချစ်စရာကောင်းတဲ့ ကာတွန်းဇာတ်ကောင်လေးတွေကို ကြောက်စရာကောင်းတဲ့ လူသတ်ဗီလိန်ကြီးတွေအဖြစ်ပြောင်းလဲရိုက်ကူးထားတာကိုမှ စိတ်ဝင်စားကြတဲလူတွေအတွက် ဒီတစ်ခါမှာတော့ ဟိုးခေတ်လူကြီးတွေကအစ အခုခေတ်ကလေးတွေအထိ မသိသူရှားတဲ့ MickeyMouse ရဲ့ Horror ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။Rating တွေဘာတွေကတော့ ဒီလိုဇာတ်ကားမျိုးတွေရဲ့ထုံးစံအတိုင်း မကြိုက်ကြတဲ့လူများတဲ့အတွက်ကောင်းမှာတော့မဟုတ်ပေမဲ့ စိတ်ဝင်စားတဲ့လူတွေအတွက်ကတော့ ထူးထူးဆန်းဆန်းကြည့်စရာဇာတ်ကားလေးတစ်ကားဖြစ်နေဦးမှာပါပဲ။ဒီကားလေးကိုတော့ Mickey Mouse ကားတွေ တချို့ကာတွန်းကားတွေရဲ့ အစမှာတွေ့ရမဲ့ လေလေးချွန်ပြီး လှေမောင်းနေတဲ့ကြွက်လေးကိုအခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။အဲ့ဒါကြောင့် ဇာတ်အိမ်တည်မဲ့နေရာကိုတော့ ဖယ်ရီသင်္ဘောကြီးတစ်ခုပေါ်မှာတည်ထားတာတွေ့ရမှာဖြစ်ပါတယ်။စစချင်းမှာတော့ နယူးယောက်မြို့လေးရဲ့ထုံးစံအတိုင်း ဖယ်ရီသင်္ဘောပေါ်ကို လူပေါင်းစုံ စရိုက်ပေါင်းစုံတက်လာခဲ့ပြီးပျော်တဲ့သူကပျော် အနားယူတဲ့သူကအနားယူနဲ့ သာယာတဲ့ညနေခင်းလေးကိုတွေ့ရမှာဖြစ်ပါတယ်။ဒါပေမယ့် သိပ်မကြာခင်မှာပဲ ဒီဇာတ်ကားရဲ့အဓိကဗီလိန်ကြီးပေါ်လာပြီး လူတွေကိုတစ်ယောက်ပြီးတစ်ယောက်ဘယ်လိသတ်ဦးမလဲ ဘာရည်ရွယ်ချက်နဲ့လဲဆိုတာတွေအပြင် ဒီလိုသည်းထိပ်ရင်ဖိုကားတွေရဲ့ထုံးစံအတိုင်း အသက်ရှင်ကျန်သူတွေရောရှိပါ့ဦးမလားဆိုတာကို ရှုစားရဦးမဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။