ကာရိုးပီတာဆန်ဆိုတဲ့ သူဟာ သူ့ရဲ့ခင်ပွန်းဘီလ် လေယာဉ်မတော်တဆမှုနဲ့ဆုံးပါးသွားပြီးကတည်းက သမီးကလည်း အခြားမြို့မှာအလုပ်လုပ်နေတဲ့အလျောက် အိမ်မွေးတိရစ္ဆာန်ခွေလေးနဲ့ပဲဆယ်စုနှစ်တစ်ခုကျော်ကြာအောင် အဖော်ပြုခဲ့ရတာပါ။ ဒါပေမဲ့ စိတ်မကောင်းစွာနဲ့ ကာရိုးရဲ့ခွေးလေးဟာ ခွေးတွေရဲ့သဘာဝအတိုင်း ဆယ်စုနှစ်တစ်ခုကျော်လာရင် အသက်အရွယ်အိုမင်းလာတာဖြစ်တဲ့အတွက် ပိုင်ရှင် ကာရိုးကိုယ်တိုင်ဇိဝိန်ခြွပေးဖို့ဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ တွယ်တာရာမရှိတော့တဲ့ ကာရိုးဟာ သူ့ရဲ့အိမ်နီးချင်းသူငယ်ချင်း အဘွားကြီးတွေကပဲ သူ့ကို အပေါင်းအသင်းဝင်ဆံ့အောင်လုပ်ပေးပြီး အထီးမကျန်ရအောင်လုပ်နေခဲ့တာပါ။ တစ်နေ့မှာတော့ ကာရိုးဟာ စူပါမားကတ်ကိုသွားတဲ့အချိန်မှာ ဘေလ်ဆိုတဲ့လူတစ်ယောက်နဲ့တွေ့ခဲ့ပါတယ်။ အမှတ်မထင်တွေ့ဆုံလိုက်ပေမယ့် ကံဆုံလာတဲ့အခါမှတော့နှစ်ယောက်သားရေစက်ဆုံဖို့ အကြောင်းဖန်လာပါတယ်။ ဒီလိုနဲ့ ကာရိုးတစ်ယောက် အသက်ကြီးလာတဲ့အခါမှ အချစ်သစ်ကို တဖန်ဘယ်လိုသက်ဝင်ခံစားမလဲဆိုတာကို ဒီဇာတ်ကားထဲမှာ ရှုမြင်ခံစားရမှာပဲဖြစ်ပါတယ်။