The Treasure of the Sierra Madre HD

The Treasure of the Sierra Madre

Drama Adventure Western HD 1948-01-15 8 126 Min

အမေရိကန်နိုင်ငံသား ဒေါ့ပ်ဟာ မက္ကဆီကိုနိုင်ငံမှာ အလုပ်လက်မဲ့ဘဝနဲ့ တောင်းစားနေရပြီး ကြုံရာကျပန်း ဝင်လုပ်နေရပါတယ်။ ဘဝကို ခက်ခက်ခဲခဲ ဖြတ်သန်းရင်း ကာတင်ဆိုတဲ့ ဘဝတူမိတ်ဆွေတစ်ဦးကို ရခဲ့ပါတယ်။နှစ်ယောက်သား အလုပ်အတူကြိုးစားရင်း ငွေလေးတချို့ စုဆောင်းမိလာပေမယ့် ဘာဆက်လုပ်ရမှန်းမသိတာကြောင့် ရွှေတူးတဲ့အကြောင်း ပြောပြဖူးတဲ့ အဘိုးကြီးတစ်ယောက်ဆီရောက်သွားခဲ့ပါတယ်။အဘိုးကြီးနဲ့အတူ မက္ကဆီကိုတောတန်းတစ်နေရာကို သွားပြီး ရွှေရှာဖို့အကြောင်းဖန်လာခဲ့ပါတယ်။ လူဆိုတဲ့အမျိုးဟာ ရလေလိုလေ အိုတစ္ဆေဆိုတဲ့အတိုင်း ရွှေတွေများလာတဲ့အခါမှာတော့အချင်းချင်း မသင့်မြတ်မှုတွေ မယုံကြည်မှုတွေ ကြီးထွားလာခဲ့ပါတယ်။အဘိုးကြီးနဲ့ ကာတင်က လောဘမတက်ကြပေမယ့် ဒေါ့ပ်ကတော့ လောဘရဲ့သားကောင် ဖြစ်လာခဲ့ပါတယ်။ အဲဒီကနေ ဒေါ့ပ်ဟာ မကောင်းမှုတွေ တဖြည်းဖြည်း ကြီးထွားလာခဲ့ပြီးနောက်ဆုံးရွှေတွေကို ဘယ်သူအပိုင်ရသွားမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့် ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ ကြည့်တဲ့သူတွေ လုံးဝမထင်ထားတဲ့ Ending ဖြစ်မှာအာမခံပါတယ်။ ခံစားကြည့်ရှုကြပါခင်ဗျာ။