ထိုင်း အမေရိကန်ကပြားကောင်မလေးကို သူ့ပထွေးဖြစ်သူက ထိုင်းမှာအဖွားနဲ့သွားနေဖို့ ပို့ပေးလိုက်ပါတယ်။ဂျစ်ကန်ကန်နဲ့ ကောင်မလေးက သူ့အမေဆုံးပြီးကတည်းက ဆိုးနေတာဖြစ်လို့ ရွာရောက်ပြန်တော့လည်း ဆိုးမြဲဆိုးဆဲပါပဲ။ရွာကလူတွေအပေါ်လည်း ဂျစ်တိုက်ပြီး လုပ်ချင်ရာလုပ်တတ်တဲ့ ကလေးမလေးက သူနဲ့ရွယ်တူ သနားစရာကောင်းတဲ့ ဘွန်ရော့ဆိုတဲ့ သူဆင်းရဲကောင်လေးကို သတိထားမိသွားခဲ့ပြီးခင်မင်သွားပါတော့တယ်.......ဒီလိုနဲ့ မွေးထားတဲ့ကျွဲလေးကို သိပ်ကို သံယောဇဉ်ရှိတဲ့ ဘွန်ရော့ကို သူတို့ရွာမှာ နှစ်စဉ်ကျင်းပနေကျ ကျွဲစီးပြိုင်ပွဲ ဝင်ပြိုင်နိုင်ဖို့ အားပေးပံ့ပိုးခဲ့တာကို ဒရမ်မာဆန်ဆန်လေး ရိုက်ပြထားတဲ့တောဓလေ့ ကားလေးတစ်ကားပဲဖြစ်ပါတယ်။အချစ်အလွမ်းအဆွေးတွေ ရွာဓလေ့အငွေ့အသက်လေးတွေနဲ့ ဇာတ်လမ်းအေးအေးလေးတွေ သဘောကျတဲ့ပရိသတ်ကြီးအတွက် အကြိုက်တွေ့စေဖို့ ညွှန်းပေးလိုက်ရပါတယ်။