The Lost Case HD

The Lost Case

Horror HD 2017-02-09 5 71 Min

တစ္ဆေသရဲတွေတကယ်ရှိတယ်ဆိုတာကိုယုံကြည်တဲ့သူတွေလည်းရှိသလိုမယုံကြည်တဲ့သူတွေလည်းရှိကြပါတယ်ဒါပေမယ့် ကမ္ဘာတစ်ဝန်းမှာတော့ရှင်းပြလို့မရနိုင်တဲ့သဘာ၀လွန်ဖြစ်ရပ်များဟာဆက်လက်ဖြစ်ပေါ်နေဆဲဆိုတာကိုတော့ ငြင်းလို့မရနိုင်ပါဘူးဒီဇာတ်ကားလေးက​တော့တစ္ဆေသရဲတွေရဲ့ခြောက်လန့်မှုကြောင့်ဒုက္ခရောက်နေကြတဲ့လူတွေကို ကူညီ​​ပေးတဲ့ရသစုံတီဗီရှိုးတစ်ခုကို အ​ခြေခံပြီးအစပျိုးထားပါတယ်အဲ့ဒီတီဗီရှိုးဟာ ဖြစ်ရပ်မှန်သဘာ၀လွန်ဖြစ်ရပ်​တွေကို ရိုက်ကူးတင်ဆက်​ပေးတဲ့ အစီအစဥ်​တစ်ခုပါအစ် နဲ့ ပေါ်ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ဟာ အဲ့ဒီအစီအစဥ်ကို တာဝန်ယူရိုက်ကူးရတဲ့ကောင်​လေး​တွေဖြစ်ပါတယ်တစ်နေ့မှာတော့ ရှိုးရိုက်ကူးဖို့အတွက်သူတို့နှစ်​ယောက်ဟာ မရင်းနှီးတဲ့သူစိမ်းဒေသတစ်ခုကို ခရီးထွက်လာရပါတော့တယ်သူတို့ရိုက်ကူးမယ့်အိမ်ကိုရောက်သွားတဲ့အခါမှာတော့ သူတို့ထင်ထားတာထက်ရှုပ်ထွေးနေတဲ့ဖြစ်ရပ်တွေကိုကြုံတွေ့လာရပါတယ်သူတို့ဖြေရှင်းနိုင်ပါ့မလား…….သူတို့ရိုက်ကူးရတဲ့အမှုကရော ဘယ်လိုအမှုမျိုးဖြစ်နေမလဲ……စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းအခင်းအကျင်းတွေနဲ့ကြည့်ရှုသူတွေကိုတစိမ့်စိမ့်နဲ့ကြောက်ရွံနေမိအောင်ရိုက်ကူးထားတဲ့ Horror ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်