သိုင်းချတာမျိုးလဲကြိုက်တယ် ရယ်ရတာမျိုးလဲကြိုက်တယ်ဆိုရင် ပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ကောင်းမဲ့ဇာတ်ကားမျိုးပါပဲ..တကယ့်ဆရာကြီးတွေဖြစ်တဲ့ဟွမ်ဖေးဟုန် , ဝင်ချွန်းသိုင်းဆရာကြီး ယိမန် ( Ip Man ) ,ဘရုစလီ ပြီးတော့ ဟော့ရင်းဂျာ တို့ ၄ယောက်ပေါင်းထားတဲ့ ဇာတ်ကားလေး ပါဇာတ်လမ်းအကျဉ်းလေးကိုပြောရမယ်ဆိုရင်ဖေ့ရင်းရှုံဆိုတဲ့ လူငယ်လေးတစ်ယောက်ကဆရာကြီးလေးယောက်အကြောင်း သိုင်း Comicဆွဲထားတာပေါ့..သူတစ်ဖက်သတ်ကြိုက်နေတဲ့ပေါင်အယ် ဆိုတဲ့ကောင်မလေးရဲ့အထင်ကြီးမှုကိုလိုချင်တာရော..ပြီးတော့ Propose ပါလုပ်မယ်ဆိုပြီးစိတ်ကူးထားခဲ့သူတစ်ယောက်ပါ..ဒါပေမယ့်သူ့ရဲ့အတွေးတွေဟာ..လွဲမှားခဲ့ရပါတယ်သူ့မွေးနေ့မှာပဲ လူတွေအားလုံးရဲ့အမြင်လွဲခံရသူခိုးအထင်ခံရနဲ့သူစိတ်နာသွားခဲ့တယ်...ရေကန်လေးဘေးမှာ ပေါက်ကရတွေအော်ဟစ်ရင်းသိုင်းဆရာကြီးတွေကိုအကူအညီတောင်းနေတာပေါ့ရုတ်တရုက်ဆိုပဲ မမျှော်လင့်တဲ့ ဖြစ်ရပ်လေးဖြစ်လာပြီးတော့တကယ့်သိုင်းဆရာကြီးလေးယောက်ဟာလဲသူတို့ခေတ်ကနေ ဘုမသိဘမသိနဲ့ 2018 ကိုအချိန်ခရီးသွားသလိုဖြစ်ပြီး ရောက်လာတဲ့အခါမှာတော့.