Through the Olive Trees HD

Through the Olive Trees

Drama Romance HD 1994-02-01 7.4 104 Min

Abbas Kiarostamiနဲ့ ပတ်သက်ပြီး ကျွန်တော် ခိုင်ခိုင်မာမာ ယုံကြည်ထားတဲ့တစ်ချက်က သူက ရုပ်ရှင်ပညာရဲ့ အခြားတစ်ဘက်ကို ရောက်သွားပြီးတဲ့ လူဆိုတာပဲ။ အရင်ကတော့ သူကကဗျာတွေကို တော်တော် သဘောကျတာ ကျွန်တော် သိထားခဲ့တယ်။ အခု ရုပ်ရှင်နာမည် Through the Olive Trees ဆိုလည်း ကဗျာနာမည်ကိုပဲ ယူထားတာ။ ဒါကြောင့်ပဲ သူ့ရုပ်ရှင်တွေဟာ ရုပ်ရှင်ဆိုတာထက် ကဗျာတစ်ပုဒ်ဖတ်ရတာနဲ့ ပိုတူနေတာလို့ ကျွန်တော် ထင်ခဲ့ဖူးတယ်။ ဆိုပေမဲ့ ကဗျာဆန်တယ် အနုပညာမြောက်တယ်ဆိုတာ တကယ်က စကားလုံးသက်သက်ပဲ။ ကဗျာမှာ တွေ့ရများတဲ့ ဓာတ်တစ်ခု အရသာတစ်ခုကို ကျွန်တော်တို့က ကဗျာဆန်တယ်လို့ သတ်မှတ်လိုက်ကြပုံပါပဲ။ တကယ်က အရာတိုင်းမှာ အဲဒီဓာတ်က ရှိနေလောက်တယ်။ အဲဒီဓာတ်ဆီ ခရီးသွားဟန်လွှဲမဟုတ်ဘဲ ရေစီးကြောင်းတစ်ခုလို ဆိုက်ရောက်သွားတဲ့လူမျိုးတော့ မရှိသလောက်ရှားတယ်။ Abbas Kiarostamiရဲ့ ရုပ်ရှင်တွေမှာတော့ အဲဒီဓာတ်ဟာ အပြည့်အဝ စီးဆင်းနေတယ်။ဒီရုပ်ရှင်ကို And life goes on ရိုက်ကူးတဲ့အကြောင်းကို ဒိုကူမန်ထရီ ပြန်ရိုက်ထားတဲ့ ပုံစံမျိုးပြထားတယ်။ ဒါပေမဲ့ တကယ်တမ်း ဒိုကူမန်ထရီဟုတ်လားဆိုတော့ မဟုတ်ဘူး။ အရှိတရားနဲ့သူ့ခံစားချက်တွေ ရောထွေးပြီး ပြထားတာမျိုးပဲ။ ဘာက အရှိတရားလဲ ဘာက လုပ်ယူထားတာလဲ ခွဲခြားဖို့ မဖြစ်နိုင်အောင်