ဒီတစ်ခေါက်မှာတော့ လူငယ်ဒရမ်မာဇာတ်လမ်းနဲ့မိတ်ဆက်ပေးချင်ပါတယ် ။ လူငယ်လေး အာဂျွန်ကို မိဘဖြစ်သူတွေကရော သူငယ်ချင်းတွေကပါ ဝိုင်းပြီးလက်ထပ်ခိုင်းကြလို့ အာဂျွန်တစ်ယောက် စိတ်ညစ်နေပါတယ် ဒီဇာတ်လမ်းထဲမှာတော့ လူငယ်တွေရဲ့ ချစ်ခြင်းမေတ္တာ၊ လက်ထပ်ရမဲ့ အချိန်အတိုင်းအတာတစ်ခုအကြောင်း နဲ့ လူငယ်ဘဝအမှတ်တရတွေကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ် ။ မိန်းကလေးနဲ့ ယောက်ျားလေးနှစ်ယောက်ကြား မတူညီတဲ့အတွေးအခေါ်တွေ အယူအဆတွေရှိသော်လည်း စုံတွဲဖြစ်သွားတဲ့အခါ နှစ်ကိုယ့်တစ်စိတ်ဖြစ်သွားတတ်တဲ့ ချစ်ခြင်းအကြောင်းတွေပါ တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာ ဟာသ၊ရသ၊ချစ်ခြင်းမေတ္တာဆိုင်ရာ အတွေ့အကြုံများကိုပါ ထည့်သွင်းပေါင်းစပ်ရိုက်ကူးထားတာဖြစ်ပါတယ် ။ အိမ်ထောင်မပြုချင်တဲ့ အာဂျွန်တစ်ယောက် အချစ်စစ်နဲ့တွေ့ပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာ ပရိသတ်တို့ ဒီဇာတ်လမ်းမှာ ကြည့်ရှုပေးပါဦး။