ဂျက်လီရဲ့အက်ရှင်ကားတွေကို ကြည့်နေတဲ့ပရိသတ်တို့အတွက် အခုတင်ဆက်ပေးချင်တာကတော့ ဂျက်လီရဲ့ ဟောလီးဝုဒ်ကားဖြစ်တဲ့ "Cradle 2 the Grave" ဖြစ်ပါတယ်။ ဂျက်လီနဲ့အတူဆုံးပါးသွားပြီဖြစ်တဲ့ အမေရိကန် rapper သရုပ်ဆောင် DMX ကလည်း ပါဝင်အားဖြည့်ထားပါသေးတယ်။ အန်တိုနီဖေ့ထ် (DMX) ဟာ ဖခင်တစ်ယောက်၊ ခင်ပွန်းတစ်ယောက်၊ ဒါ့အပြင် ဘဏ်ကိုဖောက်ထွင်းတဲ့ ဓားပြတစ်ယောက်လည်းဖြစ်ပါတယ်။ ဓားပြဆိုပေမဲ့ သူ့မိန်းမ၊ သူ့သမီးနဲ့အတူအေးဆေးနေထိုင်နေသူတစ်ဦးပေါ့။ ဒါပေမဲ့ တစ်နေ့မှာ ဖောက်ထွင်းရင်း အနက်ရောင်ကျောက်တွေတွေ့လို့ ခိုးယူလာရာကနေ သူ့ဘဝကြီးပြောင်းပြန်လန်သွားတော့တာပါပဲ။ သူ့နောက်ကိုလိုက်ပြီး ကျောက်တွေကိုရယူလိုတဲ့ထဲမှာ ထိုင်ဝမ်စုံစမ်းရေးဗျူရိုကလို့ သူ့ကိုယ်သူပြောတဲ့ စူး (Jet Li) အပြင် သူ့သမီးကိုဖမ်းသွားပြီး ငါ့ကျောက်ပြန်ပေးလို့ဆိုလာတဲ့လူပါရှိလာတဲ့အခါ。。。အဲဒီကျောက်က ဘာမို့လို့ အားလုံးရဲ့စိတ်ဝင်စားခြင်းခံနေရတာလဲ? ဖေ့ထ်နဲ့ စူးတို့နှစ်ယောက်ပူးပေါင်းပြီး ကိုယ်လိုချင်တာတွေ အတူရယူနိုင်မလားဆိုတာတော့ ဒီအက်ရှင်ကားကောင်းထဲမှာစောင့်ကြည့်လိုက်ကြပါဦး။