Sarah နဲ့ Kristen တို ညီအစ်မနှစ်ယောက် တစ်ညမှာ တက္ကသိုလ်ပါတီတစ်ခုကိုသွားပြီး ဆိုးရွားတဲ့အဖြစ်အပျက်တစ်ခုနဲ့ကြုံတွေ့ခဲ့ရတယ်။အစ်မဖြစ်သူ Sarah ကို ကျောင်းမှာ လူချမ်းသာသားဖြစ်တဲ့ Jeff က အဓမ္မပြုကျင့်ဖို ကြိုးစားခဲ့ပြီး ကံကောင်းစွာနဲ့ ညီမဖြစ်သူ Kristen နဲ့ သူငယ်ချင်းတွေက အချိန်မီကယ်တင်လိုက်နိုင်ခဲ့ပါတယ်။အဲဒီအဖြစ်အပျက်ပြီးနောက် Sarah နဲ့ Kristen တို မိသားစုက ကြီးကြီးတက်ချမ်းသာပြီး အာဏာရှိတဲ့ မိသားစုရဲ့သားဖြစ်တဲ့ Jeff ကို တရားစွဲတဲ့အခါ အခက်အခဲတွေ စပြီးရင်ဆိုင်ရတာတော့အံ့ဩစရာမရှိပါဘူး။ဒါပေမဲ့ Jeff ဆီက အမှုကို ရုတ်သိမ်းဖို ခြောက်လှန့်မှုတွေအပြင် ထူးဆန်းစွာပဲ ရင်းနှီးပတ်သက်နေတဲ့လူတွေပါ တစ်ယောက်ပြီးတစ်ယောက် ကိုယ့်ကိုယ်ကိုယ်သ-တ်သေလာချိန်မှာတော့ဘယ်လိုမှောင်မိုက်တဲ့ အရာတွေရှိနေမလဲဆိုတာကို ရင်တဖိုဖိုကြည့်ရှုရမဲ့ လျှိဝှက်ဆန်းကြယ် thriller တစ်ကားပဲဖြစ်ပါတယ်။