သေသွားပြီလို့ ထင်ခဲ့ကြတဲ့ လိမ်လည်မှုအကြီးစားကြီး လုပ်ခဲ့တဲ့ ဂျန်ဒူချီဆိုတဲ့ ရာဇဝတ်သားက အသက်ရှင်နေတယ်လို့ သတင်းသဲ့သဲ့ကြားရတဲ့အခါမှာတော့ အမှုရဲ့ တာဝန်ခံအမှုစစ်ဖြစ်ခဲ့တဲ့ ဘတ်ဟီဆူး (Yoo Ji-Tae) တစ်ယောက် လာဘ်ပေးလာဘ်ယူလုပ်ထားတာတွေ မပေါ်လာအောင် ဂျန်ဒူချီကို ဖမ်းပြီး နှုတ်ပိတ်ဖို့ ကြိုးစားပါတော့တယ်။ဒီလိုနဲ့ပဲ သာမန်နည်းလမ်းနဲ့ ဖမ်းရခက်တဲ့ လူလိမ်ကြီးကို ဖမ်းဖို့အတွက် ဂိုဆော့ဒုံ (Bae Sung-Woo)ရဲ့ လူလိမ်အဖွဲ့အပြင် လူလိမ်တွေကိုပဲ ပြန်လိမ်တဲ့ ကတုံးပေါ်ထိပ်ကွက်တတ်တဲ့ ဟွမ်ဂျီဆောင်း (Hyun-Bin) ဆိုတဲ့ လူလိမ်နဲ့ပါ ပူးပေါင်းပြီး ဖမ်းရာကနေ ဂျန်ဒူချီကို ဖမ်းမိသွားမလား ...အစွန်းနှစ်ဖက်မှာရှိနေကြတဲ့ လူတွေဖြစ်တဲ့ လူလိမ်အဖွဲ့နဲ့ အမှုစစ်တစ်ယောက်က ပူးပေါင်းလို့ရမလားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်လို့ ကြည့်ရှုခံစားကြည့်လိုက်ပါဦးနော်။